သူ့နာမည်သူ့ပုံနဲ့သုံးနေတဲ့Viber အကောင့်တုအကြောင်းသတိပေးလာတဲ့ သဇင်ထူးမြင့်ကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ ပိုင်ဖြိုးသု
ပြည်သုချစ်အနုပညာရှင်တစ်ျယောက်ဖြစ်တဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုကိုတော့ ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ သူမကတော့အနုပညာလောကမှာထိပ်တန်းရောက်နေတဲ့အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ယခုလိုအောင်မြင်နေတာနဲ့အမျှမနာလိုသူတွေရဲ့ ဝေဖန်မှုတွေနဲ့နှောက်ယှက်မှုတွေကိုလည်းခံနေရပါတယ်။ လက်ရှိမှာလည်းကိုဗစ်ကာလမို့စိတ်ညစ်နေရတဲ့အပြင် သူမနဲ့ပတ်သက်တဲ့အကောင့်မှန်သမျှကို လိုက်hackနေတဲ့သူကြောင့်စိတ်ညစ်နေရပြန်တယ်လို့သိရပါတယ်။ ဒီနေ့မှာလည်းပိုင်ဖြိုးသုကသူ့နာမည်သူ့ပုံနဲ့သုံးနေတဲ့Viber အကောင့်တုအကြောင်းသတိပေးလာတဲ့ သဇင်ထူးမြင့်ကိုကျေးဇူးတင်စကားဆိုထားခဲ့ပါတယ်။”တောင်းပန်ပါတယ်ဟယ် COVID ကာလအတွင်းစိတ်ညစ်နေပါတယ်ဆိုမှfacebook account နဲ့e-mail ကိုလိုက် hackနေတာကတစ်မျိုး!!!!အခုလည်းလာပြန်ပြီ Viber accountကြီးကိုကိုယ့်နာမည်ကိုယ့်ပုံကြီးနဲ့ဖွင့်ပြီးဘာတွေလိုက်လုပ်နေပြန်တာတုံး???? တော်သေးတာပေါ့သဲလေး( Thazin Htoo Myint)လာပြောပြလို့(ကျေးဇူးပါသဲလေး) ရှိကြီးခိုးပါရဲ့ဟယ်ဘာတွေဖြစ်စေချင်နေတာလဲမနှောင့်စမ်းပါနဲ့”ဆိုပြီးရေးသားကာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပေးထားခဲ့ပါတယ်။ ဒါ့အပြင်Viber accountနဲ့ပါနှောက်ယှက်နေတာကြောင့် အဆိုပါအကောင့်နဲ့ပတ်သက်ပြီးဘာကိုမှတာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ပါကြောင်း သုသုကယခုလိုပဲပြောပြခဲ့ပါတယ်။”ဒီ Viber accountက သုသုနာမည်နဲ့စကားတွေလိုက်ပြောနေပါတယ် (အနုပညာလောကကသူတွေကိုပါလိုက်ပြောနေတာပါ ဓါတ်ပုံပါတောင်းပါသေးတယ် )ဖုန်းနံပါတ်လည်းမဖော်ထားတော့ဘယ်နံပါတ်နဲ့သုံးနေလဲဆိုတာလည်းကြည့်လို့မရလို့ပါဒီ Viber accountကသုသုနဲ့ဘယ်လိုမှသက်ဆိုင်ခြင်းမရှိပါဘူးရှင် ဒါကြောင့်မို့ ဒီaccountပိုင်ရှင်ရဲ့မည်သည့်လုပ်ရပ်အပြုအမူကိုမျှတာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ပါကြောင်း မေတ္တာရပ်ခံအသိပေးအပ်ပါတယ်ရှင် “ဆိုပြီးပြောပြထားခဲ့တာဖြစ်ပါတယ်။ Source:Paing Phyoe Thu