ဦးဗေလုဝကျန်းမာရေးမကောင်းလို့ ပင်လုံဆေးရုံကြီးမှာပြန်လည်ဆေးသမှုခံယူနေရကြောင်းပြောပြလာတဲ့ အောင်သော်

November 19, 2020 Wai Lu 0

ပရိသတ်ကြီးရေအောင်သော်ကတော့ အနုပညာလောကမှာနေရာတစ်နေရာကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့လတ်လောမှာကိုဗစ်ရောဂါတွေနဲ့ပတ်သက်ပြီးတစ်ထောင့်တစ်နေရာကနေပါဝင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့သူကသရုပ်ဆောင်ဦးဗေလုဝဟာ ကျန်းမာရေးအခြေအနေကြောင့်ပင်လုံဆေးရုံကြီးမှာ ပြန်လည်ဆေးသမှုခံယူနေရကြောင်းပြောပြလာခဲ့ပါတယ်။ “ရုပ်ရှင်နှင်ဗီဒီယိုဟာသရုပ်ဆောင် ဗေလုဝကျမ္မာရေးအခြေအနေကြောင့် ပင်လုံဆေးရုံကြီးအခန်း (၁၃၁၈ )တွင် ဆေးဝါးကုသနေရကြောင်းသတင်းရရှိပါသည် အမြန်ဆုံးပြန်ကျမ္မာစေဟုဆုတောင်းပါသည်ဗျာ”ဆိုပြီးရေးသားကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားကာပြောပြထားခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ဦးဗေလုဝကတော့အရင်က ဦးနှောက်သွေးခဲတဲ့ရောဂါကြောင့်ဆေးကုသမှုခံယူခဲ့ရပြီး ပြန်လည်ကောင်းမွန်လာကာအနုပညာအလုပ်တွေကိုလည်းရပ်နားထားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာလည်းကျန်းမာရေးအခြေအနေမကောင်းဖြစ်နေတာကြောင့် ပင်လုံဆေးရုံကြီးမှာပြန်လည်ဆေးသမှုခံယူနေရတာဖြစ်ပါတယ်။ ဦးဗေလုဝတစ်ယောက်အမြန်ဆုံးနေကောင်းလာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ Source:Aung Thaw

သားထွေးလေးကောင်းဆက်ဦးရဲ့မွေးနေ့မှာ မိခင်မေတ္တာတွေအပြည့်နဲ့မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ မေမေရတနာခင်

November 18, 2020 Wai Lu 0

သရုပ်ဆောင်မင်းသမီးချောလေးရတနာခင်ကတော့ တစ်ချိန်ကအနုပညာလောကမှာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝပိုင်ဆိုင်ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာအနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပြီးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုသာလုပ်ကိုင်နေတာဖြစ်ပါတယ်။ ရတနာခင်ဟာသားချောလေး(၃)ယောက်နဲ့အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ရရှိထားနိုင်ခဲ့ပါတယ်။ ဒီကနေ့နိုဝင်ဘာလ(၁၈)ရက်နေ့ကတော့ ရတနာခင်ရဲ့သားအငယ်ဆုံးလေးကောင်းဆက်ဦးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ သားလေးကောင်းဆက်ဦးရဲ့မွေးနေ့အတွက် မေမေရတနာခင်ကပျော်ပျော်ရွှင်ရွှင်မွေးနေ့ပွဲလေးကျင်းပပေးခဲ့သလို မိခင်မေတ္တာတွေအပြည့်နဲ့ယခုလိုလည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။”Happy Birthday Kaung Sett Oo မေမေ့သားထွေးလေး ဘဝမှာကံကောင်းခြင်းတွေနဲ့ဘဲကြုံပါစေ သူတော်ကောင်းစိတ်ကောင်းရှိသူတွေနဲ့သာဆုံတွေ့ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့သားလိမ္မာလေးဖြစ်ပါစေ”ဆိုပြီးရေးသားကာ ဆုတောင်းပေးထားခဲ့တာဖြစ်ပါတယ်။ […]

ချွန်တွန်းပရဟိတကားပေါ်မှာတင် ပထမဆုံးထူးထူးခြားခြားမွေးဖွားခဲ့တဲ့ Luckyနတ်သမီးလေးကြောင့် ဝမ်းသာမျက်ရည်ကျခဲ့မိတယ်ဆိုတဲ့ ဒိန်းဒေါင်

November 17, 2020 Wai Lu 0

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်၊ ဟာသလူရွှင်တော်ဒိန်းဒေါင်းကတော့ ယခုနောက်ပိုင်းမှာအနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကိုတွဲဖက်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ ယခုလိုကိုဗစ်ကာလမှာလည်းစားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အခြေခံလူတန်းစားများနဲ့အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေမှာကိုယ်တိုင်သွားရောက်လှူဒါန်းမှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင်ကလေးမီဖွားဖို့အခက်အခဲဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း သူ့တို့ရဲ့ပရဟိတကားနဲ့ဆေးရုံကိုလိုက်ပို့ပေးလေ့ရှိသလို ဆေးဖိုးငွေကိုလည်းတတ်နိုင်သလောက်လှူဒါန်းပေးနေတာဖြစ်ပါတယ်။ မနေ့ကတော့ဒိန်းဒေါင်ကသူ့တို့ရဲ့ ပရဟိတကားပေါ်မှာတင်ပထမဆုံးထူးထူးခြားခြားမွေးဖွားခဲ့တဲ့ Luckyနတ်သမီးလေးတစ်ပါးအတွက် ဝမ်းသာပီတိမျက်ရည်ကျမိခဲ့ကြောင်း ယခုလိုပဲပြောပြလာခဲ့ပါတယ်။ “ချွန်တွန်းတို့ရဲ့Luckyနတ်သမီးလေးတစ်ပါး ကားပေါ်မှာမွေးဖွားခြင်းကျွန်တော်တို့ပရဟိတအသင်းအဖွဲ့လေးရဲ့ ကားပေါ်မှာထူးထူးခြားခြားပထမဆုံးမွေးဖွားခြင်းအတွက် ဝမ်းသာပီတိမျက်ရည်ကျမိပါတယ်ဗျာ ၇ရက်သားသမီးများအားလုံးနှင့်အလှုရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့သအပ်ပါသည်ခင်မျာ”ဆိုပြီးဒိန်းဒေါင်ကပြောပြထားခဲ့တာဖြစ်ပါတယ်။ Source:Dain […]

(၁၁)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ အ.ထ.က(၁)သုဝဏ္ဏQ Centerသို့”‘ကိုနန္ဒထောပတ်ထမင်း”‘ပွဲ(၁၁၀)လှူဒါန်းခဲ့တဲ့ ညီနန္ဒ

November 11, 2020 Wai Lu 0

ဇာတ်ပို့ဇာတ်ရံအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ညီနန္ဒကိုတော့ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ သူကတော့ဇာတ်လမ်းရဲ့ကာရိုက်တာအတိုင်း ဟာကွက်မရှိအောင်သရုပ်ဆောင်နိုင်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်းပါဝင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့လည်း “‘ကိုနန္ဒထောပတ်ထမင်း”လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိပါတယ်။ သူဟာအေးချမ်းသာယာတဲ့မိသားစုဘဝလေးကို ဇနီးဖြစ်သူနဲ့အတူနားလည်မှုရှိရှိနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိရှိနဲ့အခက်အခဲများအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တာအခုဆိုရင် မင်္ဂလာသက်တမ်း(၁၁)နှစ်တောင်ရှိနေပြီဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့မင်္ဂလာသက်တမ်း(၁၁)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ “‘ကိုနန္ဒထောပတ်ထမင်း”‘ ပွဲ ၁၁၀ကို အ.ထ.က(၁) သုဝဏ္ဏQ Centerမှာလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ ညီနန္ဒက”(၁၁.၁၁.၂၀၀၉)>>>(၁၁.၁၁.၂၀၂၀)မဂ်လာသက်တမ်း(၁၁)နှစ်…”‘ဘယ်လိုအခြေအနေမျိုးရောက်ရောက် အသက်ရှင်နေသ၍ အတူတူရှိနေမယ်”‘ဆိုပြီးရေးသာကာ အမှတ်တရပုံရိပ်လေးနဲ့အတူ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားခဲ့ပါတယ်။ […]

ဗိုလ်တစ်ထောင်ကချို့တဲ့သူတွေအတွက် အရသာရှိတဲ့မု့န်ဟင်းခါးတွေကို ကိုယ်တိုင်ပြင်ဆင်ပြီးလှူဒါန်းသွားမည့် စီနွန်

November 11, 2020 Wai Lu 0

စီနွန်ကတော့ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့နိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် မြန်မာနိုင်ငံသားတစ်ယောက်လိုပဲ အလှူအတန်းလုပ်တဲ့နေရာမှာလည်းရက်ရောလှပါတယ်။ ယခုလိုကိုဗစ်ကာလမှာလည်း အခြေခံလူတန်းစားတွေအတွက်တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးလျက်ရှိပါတယ်။ဒီနေ့မှာလည်းဗိုလ်တစ်ထောင်မှာရှိတဲ့ ဘဝပေးကံချို့တဲ့သူတွေအတွက် အရသာရှိလှတဲ့အထူးမု့န်ဟင်းခါးတွေကို ကိုယ်တိုင်ပြင်ဆင်ပြီးလှူဒါန်းပေးသွားမယ်လို့သိရပါတယ်။ သူ့ရဲ့အလှူအကြောင်းလေးကိုတော့ စီနွန်က”ဒီနေ့ကျနော်ဗိုလ်တစ်ထောင်မှာရှိတဲ့ ဘဝပေးကံချို့တဲ့သူတွေအတွက်ကျတော်ပြင်ဆင်ထားတဲ့ အရသာရှိလှတဲ့အထူးမု့န်ဟင်းခါးကို ပေးဝေသွားမှာဘဲဖြစ်ပါတယ်ခင်ဗျ။ အရသာရှိရှိသုံးဆောင်နိုင်ကြပါစေခင်ဗျ “ဆိုပြီးရေးသားကာ ပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။ အလှူအတွက်ကိုယ်တိုင်ပြင်ဆင်နေတဲ့ စီနွန်ရဲ့ပုံရိပ်လေးတွေကိုပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ Source:Sinon […]

အိမ်ခြေ(၂၀၀)ရှိတဲ့ရပ်ကွက်(၃)ခုမှာ စားသောက်ကုန်များနှင့်လိုအပ်တဲ့ပစ္စည်းများကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တဲ့ ချမ်းချမ်း

November 11, 2020 Wai Lu 0

အဆိုတော်ချမ်းချမ်းကတော့ ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမကလတ်တလောမှာတော့ကိုဗစ်ကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားပြီး အဆိုပါရောဂါအတွက်လည်းတတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးလျက်ရှိပါတယ်။ လက်ရှိမှာလည်းဒဂုံဆိပ်ကမ်း 93 ၊79 ရပ်ကွက်၊65 ရပ်ကွက်တို့မှာရှိတဲ့ အချို့တဲ့ဆုံးအလိုအပ်ဆုံးအိမ်ခြေလေးတွေကိုရွေးချယ်ပြီးလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ချမ်းချမ်းက ဒီနေရာ၃ နေရာကိုထိရောက်စွာလှူဒါန်းပေးခဲ့တာဖြစ်ပြီး မသန်စွမ်းသူများနဲ့သက်ကြီးရွယ်အိုများ အနှေးယာဉ်အလုပ်သမားများနဲ့ကိုယ်ဝန်ဆောင်မိခင်များကို အဓိကဦးစားပေးလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ တချို့ရပ်ကွက်လေးတွေမှာတော့ အချို့တဲ့ဆုံးအလိုအပ်ဆုံးအိမ်ခြေများကိုသာ စီစစ်ပြီးရှာဖွေလှူဒါန်းပေးခဲ့ပါသေးတယ်။ အဆိုပါအလှူနဲ့ပတ်သက်ပြီးချမ်းချမ်းက သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာအလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။ သူမကတော့နောက်ရက်တေမှာလည်း အသက်(၈၀)ကျော်အဖိုးအဘွားများအတွက် […]

မိဘနှစ်ပါးရဲ့နှစ်(၅၀)ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ မိသားစုပုံရိပ်လေးနဲ့အတူဆုမွန်ကောင်းတောင်းပေးထားခဲ့တဲ့ စိုးမြတ်သူဇာ

November 11, 2020 Wai Lu 0

မကြီးစိုးလို့ပရိသတ်တွေကချစ်စနိုးခေါ်တဲ့ စိုးမြတ်သူဇာကတော့အနုပညာလောကမှာ ထိပ်တန်းရောက်နေတဲ့ဝါရင့်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့မိသားစုထဲမှာလည်းအကြီးဆုံးအမတစ်ယောက်ဖြစ်ပြီး မိသားစုအပေါ်မှာလည်းတာဝန်ကျေသူတစ်ယောက်ပါ။ ဒီနေ့မိဘနှစ်ပါးရဲ့နှစ်(၅၀)ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာတော့ စိုးမြတ်သူဇာကသူတို့မောင်နှမလေးယောက်အတွက် မိဘနှစ်ပါးကလေးစားအားကျစရာဂုဏ်ယူနေရသူတွေဖြစ်နေကြောင်း ယခုလိုပဲပြောပြထားခဲ့ပါတယ်။ “ကနေ့ကအဖေနဲ့အမေရဲ့ ရွှေရတုနှစ်ပတ်လည်နေ့ပါ အဖေ့လိုမိသားစုကိုတန်ဖိုးထားပီး ချစ်မြတ်နိုးတတ်တဲ့သူရဲ့သားသမီးတွေဖြစ်ခွင့်ရတာ ကျမတို့မောင်နှမလေးယောက်အတွက်ဂုဏ်ယူစရာဖြစ်သလို အမေကလဲဒီနေ့ထိအဖေ့ကိုသူ့အနားမှာအတူတူရှိနေအောင် စွဲဆောင်ထားနိုင်သည့် အစွမ်းကလည်းကျမတို့ညီအမတွေအတွက် ရင်သပ်ရူမောလေးစားအားကျရတဲ့သူပါ(အဟွတ် )အဖေနဲ့အမေနှစ် ၅၀ခရီးမှာခုချိန်ထိကျန်းမာစွာသားသမီးတွေနဲ့အတူတူရှိနေတဲ့အတွက် ကျမတို့မောင်နှမတွေဝမ်းသာကျေနပ်ရပါတယ် ကျေးဇူးလဲအထူးတင်ပါတယ်နောက်ထပ်နောက်ထပ်နှစ်တွေအများကြီးထိ ဒီသားသမီးမြေးတွေနဲ့ အတူတူ ကျန်းမာပျော်ရွှင်စွာနေပေးပါ်အုံးလို့ […]

အစ်ကိုတစ်ယောက်လိုခင်ရတဲ့Kညီကို သီတင်ကျွတ်သွားရောက်ကန်တော့ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံ

November 10, 2020 Wai Lu 0

ဇာတ်ပို့ဇာတ်ရံအနုပညာရှင်စုံတွဲလေးတစ်တွဲဖြစ်တဲ့ ကိုဘင်းနဲ့နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံကိုတော့ ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့လတ်တလောမှာ ကိုဗစ်ကြောင့်အနုပညာအလုပ်တွေကိုရပ်နားပြီး အွန်လိုင်းကတစ်ဆင့်ဈေးလေးတွေကိုရောင်းချနေတာဖြစ်ပါတယ်။ ယခုလိုအွန်းလိုင်းကတစ်ဆင့်ရရှိတဲ့အနုပညာကြေးလေးတွေကိုလည်း ကိုဘင်းနဲ့နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံက လိုအပ်တဲ့နေရာတွေမှာလှူဒါန်းပေးနေတာကိုတွေ့ရပါတယ်။ ခုလိုသီတင်းကျွတ်ကာလမှာလည်း သူတို့ဇနီးမောင်နှံကချစ်ခင်လေးစားရတဲ့ ဆရာသမားများကိုရိုသေစွာလိုက်ပြီးကန်တော့နေတယ်လို့သိရပါတယ်။ ဒီနေ့မှာလည်းအနုပညာအလုပ်တွေကိုအတူတူတွဲဖက်လုပ်ကိုင်ခဲ့ပြီး အစ်ကိုတစ်ယောက်လိုခင်ရတဲ့Kညီကိုသွားရောက်ကန်တော့ခဲ့တယ်လို့သိရပါတယ်။ အဲဒီအကြောင်းကိုတော့Kညီက”ဒီနေ့ဘင်း+နှိုင်းယှဉ်ရယ် သူဇာပွင့်ညီနဲ့ညီမလေးတွေလာကန်တော့တယ် ငါ့ညီငါ့ညီမတွေစိတ်ချမ်းသာကိုယ်ကျန်းမာပါစေအနုပညာလမ်းပေါ်ထိပ်ဆုံးရောက်အောင်မြင်ကြပါစေ ကပ်ရောဂါကင်းဝေးကြပါစေ”ဆိုပြီးရေးသားကာပုံရိပ်လေးတွေကို ဝမ်းသာပီတိဖြစ်စွာနဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။ Source:K Nyi

လူနာတွေဆေးထိုးပြီးလူနာဆောင်ထဲကပြန်အထွက် ကြုံတွေ့ခဲ့ရတဲ့သူရဲ့အခက်အခဲလေးကိုပြန်လည်ဝေမျှလိုက်တဲ့ ဒေါက်တာစိန်ဖြိုးလှိုင်

November 10, 2020 Wai Lu 0

ဒေါက်တာစိန်ဖြိုးလှိုင်ကတော့ တချိန်ကအနုပညာလောက မောင်အမည်နဲ့ဗီဒီယိုဇာတ်ကားများစွာကို ပါဝင်ရိုက်ကူးခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ စိန်ဖြိုးလှိုင်ဟာ ဆေးကုသခွင့်ဆရာဝန်လက်မှတ်ကိုရရှိထားတဲ့ဆရာဝန်တစ်ယောက်လည်းဖြစ်ပြီး ယခုလိုကိုဗစ်ကာလမှာတော့သူတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဖောင်ကြီးCovidကုသရေးဌာနမှာ နေညမပြတ်တာဝန်ထမ်းတောင်နေတာဖြစ်ပြီး ဒီနေ့မှာတော့လူနာတွေဆေးထိုးပြီးလူနာဆောင်ထဲကပြန်အထွက် ကြုံတွေ့ရတဲ့သူရဲ့အဖြစ်ကိုယခုလိုပဲပြောပြလာခဲ့ပါတယ်။”မနေ့ကလူနာတွေဆေးထိုးပေးပြီးလို့ လူနာဆောင်ထဲမှာ PPE ချွတ် ရေချိုးပြီးယူလာတဲ့ဝတ်စုံကို ဝတ်တော့မှဘောင်ဘီကမတော်ပဲပေါင်းရင်းထိပဲဆန့်တယ်။ ဒီအခန်းထဲမှာ ဝတ်စုံအပိုမရှိဘူး။ လူနာဆောင်ကနေ Control အဆောင်ကိုဖင်ကျွတ်ကြီးနဲ့သွားလို့ကမဖြစ်နဲ့ နောက်ဆုံးဘောင်ဘီပြဲလဲပြဲပစေဆိုပြီး အတင်စွတ်တော့ဖင်တစ်ဝက်လောက်ရတာနဲ့ အပေါ်အင်္ကျီကို […]

အောင်ထက်ရဲ့အိမ်လှလှလေးမှာ သူမရဲ့သီချင်းအသစ်Music Video လေးကိုရိုက်ကူးခဲ့တဲ့ ဝိုင်းစုခိုင်သိန်း

November 10, 2020 Wai Lu 0

ဝိုင်းစုခိုင်သိန်းကတော့ အလွမ်းအဆွေးသီချင်းလေးတွေကိုသီဆိုပြီး ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာအဆိုတော်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်ပါဗီဒီယိုဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်းကတေးစီးရီးအယ်ဘမ်များစွာကိုလည်းထွက်ရှိထားပြီး ထွက်သမျှသီချင်းတိုင်းကလည်းလူငယ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။ လက်ရှိမှာလည်းသီချင်းအသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေရှေ့ချပြနိုင်အောင်အကောင်းဆုံးကြိုးစားနေတယ်လို့သိရပါတယ်။ သီချင်းသစ်လေးရဲ့အမည်ကိုတော့“မျှော်လင့်ချက်”လို့ပေးထားပြီး Music Video လေးကိုတော့ဒီနေ့မှာပဲ အောင်ထက်ရဲ့အိမ်လှလှလေးမှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီအကြောင်းကိုတော့ ဝိုင်းစုခိုင်သိန်းကသူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေနဲ့အတူ ယခုလိုပဲရေးသားဖော်ပြပေးထားခဲ့ပါတယ်။ “အောင်ထက်ရဲ့ အိမ်လှလှလေးမှာ“မျှော်လင့်ချက်” သီချင်းလေးMusic Video သွားရိုက်ရင်း တလက်စတည်းပဲပေးခဲ့တယ်လို့စ်”ဆိုပြီးရေးသားကာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။ […]