သူငယ်ချင်းဖြစ်သူ လင်းအောင်ခေတ်တို့နဲ့အတူ အောင်လပွဲကြည့်ရင်း ထိုးကျိတ်နေကြတဲ့ အောင်လေး
ယောကျာ်းပီသပြီး ခန္ဓာကိုယ်အမိုက်စားလေးကို ပိုင်ဆိုင်ထားတဲ့ အောင်လေးကတော့ ယခုနောက်ပိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ ။ နိုင်ငံခြားမင်းသားတစ်ယောက်လို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားတဲ့ အောင်လေးကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာပါ ပါဝင်ရိုက်ကူးသရုပ်ဆောင်နေတာတွေ့မြင်ရမှာပါ ။ အောင်လေးကတော့ ကိုရီးယားမင်သားလေးလို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားတာကြောင့် မိန်းမလှလေးတွေကြွေနေရတာလည်းဖြစ်ပါတယ်။ပိုမိုအောင်မြင်မှုရရှိလာတဲ့ အောင်လေးက အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ အမြဲလိုလို သူငယ်ချင်းတွေနဲ့ စနောက်ဆေးထိုးကာ အမြဲပျော်ပျော်နေတတ်သူလည်းဖြစ်ရာ အခုလည်း သူငယ်ချင်းဖြစ်သူ လင်းအောင်ခေတ်တို့နဲ့အတူ အောင်လပွဲကြည့်ရင်း ထိုးကျိတ်နေကြတဲ့ အခွီပုံလေးတွေကိုရိုက်ပြီး စနောက်ကာ ဖော်ပြထားတာတွေ့ရပါတယ် ။ ပုံလေးတွေကြည့်ပြီး ရယ်နေရသလို တကယ်လားတောင်ထင်ရလောက်အောင်ပီပြင်လွန်းနေတာအမှန်ပါပဲနော် ။ပရိသတ်ကြီးအတွက် အောင်လေးတို့ သူငယ်ချင်းတွေရဲ့ အခွီပုံလေးတွေကို မျှဝေပေးလိုက်ပါတယ် ။ credit-cele zone ZAWGYI သူငယ်ချင်းဖြစ်သူ လင်းအောင်ခေတ်တို့နဲ့အတူ အောင်လပွဲကြည့်ရင်း ထိုးကျိတ်နေကြတဲ့ အောင်လေး … Read more