အလှူရှင်တွေစုပေါင်းလှူဒါန်းတဲ့ထဲကနေ ထောပတ်ထမင်း ပွဲရေ (၂၂၃)ပွဲကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာ ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တဲ့ ညီနန္ဒ
ပရိသတ်ကြီးရေ သရုပ်ဆောင် ညီနန္ဒကတော့ သူရောင်းချနေတဲ့ ထောပတ်ထမင်းတွေကို အလှူရှင်တွေနဲ့ ပူးပေါင်းပြီး Covid -19 ကာကွယ်ကုသရေးဆေးရုံတွေ၊ Q စင်တာတွေမှာ လိုက်လံလှူဒါန်းပေးနေခဲ့တာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ ညီနန္ဒက မတည်လှူဒါန်းခဲ့ပြီး စေတနာရှင်တွေက တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးကြတာကို ညီနန္ဒက ကိုယ်တိုင်ကိုယ်ကျ လိုက်လံလှူဒါန်းပေးနေခဲ့တာပါ။ ဒီနေ့စက်တင်ဘာလ(၃၀)ရက်နေ့မှာတော့ ညီနန္ဒက သူနဲ့ သူ့ရဲ့အလှူရှင်တွေစုပေါင်းလှူဒါန်းတဲ့ထဲကနေ ထောပတ်ထမင်း ပွဲရေ (၂၂၃)ပွဲကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာ သွားရောက်လှူဒါန်းနေခဲ့ပါတယ်။ ညီနန္ဒကတော့ ထောပတ်ထမင်းတွေ သွားရောက်လှူဒါန်းမှုပြုလုပ်ချိန်တိုင်းမှာ အလှူရှင်တွေနဲ့ ပရိသတ်တွေသာဓုခေါ်ဆိုလို့ရအောင် မှတ်တမ်းအနေနဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Live လွှင့်ပြီး အမြဲတမ်းမျှဝေလေ့ရှိပါတယ်။ ဒီနေ့မှာလည်း သွားရောက်လှူဒါန်းနေတဲ့အကြောင်းကို သူ့နဲ့ သူ့ရဲ့အလှူရှင်တွေရဲ့ စက်တင်ဘာလ နောက်ဆုံးအလှူလေးအဖြစ်သွားရောက်လှူဒါန်းတာဖြစ်ကြောင်း Live လွှင့်မျှဝေခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ညီနန္ဒနဲ့ သူ့ရဲ့အလှူရှင်တွေ စုပေါင်းလှူဒါန်းနဲ့ အလှူလေးကို … Read more