လမ်းပေါ်မှာပန်းရောင်းနေတဲ့ ကလေးတွေအတွက် လိုအပ်တဲ့အရာတွေလှူဒါန်းဖို့ပြင်ဆင်နေတဲ့ စီနွန်
ပရိသတ်အချစ်တော် Sinon Loresca ကတော့ မြန်မာနိုင်ငံမှာအနုပညာအလုပ်တွေကိုလာရောက်လုပ်ကိုင်နေတာဖြစ်ပြီး ဆင်းရဲ့ချို့တဲ့သူတွေနဲ့ အမှန်တကယ်လိုအပ်မှုရှိတဲ့နေရာတွေမှာ ထောက့်ပံ့လှူတန်းမှုတွေကို ပြုလုပ်ပေးလေ့ရှိသူပဲဖြစ်ပါတယ်။သူရဲ့ ရိုးသားဖြူစင်တဲ့စိတ်ထားလေးနဲ့ အမြဲကူညီထောက်ပံ့လှူဒါန်းတတ်တဲ့ အပြုအမှုလေးတွေကြောင့် မြန်မာပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေရတာပါ။ ဖီလပိုင် LGBT မော်ဒယ် Sinon ကတော့ မနက်ဖြန်မှာ ပန်းရောင်းနေကြတဲ့ကလေးတွေအတွက် မျက်နှာ အကာအကြည်၊နှာခေါင်းစည်းနဲ့လက်သန့်ဆေးရည်တွေလှူဒါန်းသွားမယ့်အကြောင်းကို “လမ်းမပေါ်က ပန်းရောင်းနေကြတဲ့ကလေးတွေ အတွက် ကျတော်ကမနက်ဖြန် မျက်နှာ အကာအကြည် မျက်နှာတပ်နှာခေါင်းစည်းတွေ လက်သန့်ဆေးရည် တွေပေးသွားမှာဖြစ်ပါတယ် Covid-19က ပြန်ဖြစ်ပွားနေပါပီ ကျတော်တို့ရန်ကုန်မှာကောတစ်နိုင်ငံလုံးမှာပါ။ ဒါကြောင့်ကျတော်တို့ ကောင်းကောင်းကာကွယ်ထားရမှာဖြစ်ပါတယ် ကျဝောာ်တို့ပတ်ဝန်းကျင် မိသားစုတွေကိုပေါ့! ကျတော်တို့က ကမ္ဘာပေါ်မှာရှိတဲ့Virusတိုင်းထက်ပိုအင်အားကောင်းတယ် ကျတော်တို့ မှာကျတော်တို့ ရှိတယ် လေ တစ်ဦးတစ်ယောက်ချင်းစီ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြမယ်ဆိုရင် ပေါ့။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ပရိသတ်ကြီးရေ Sinonကတော့ မနက်ဖြန်သွားရောက်လှူဒါန်းမှာတဲ့နော်။ … Read more