လွန်ခဲ့တဲ့ 10 နှစ်ကယောကျာ်းဆိုးဖြစ်ခဲ့ပေမယ့် အခုချိန်မှာမိသားစုအတွက် ဖခင်ကောင်းနဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေပြီ ဆိုတဲ့ အာဘွိုင်း
ပရိသတ်ကြီးရေ အာဘွိုင်းကတော့ လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။သူရဲ့သီချင်းလေးတွေကတော့ ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့ထပ်တူကျခဲ့တဲ့သီချင်းလေးတွေဖြစ်ပြီး လတ်တလောမှာဆိုရင်တော့ ချမ်းမြေ့မောင်ချိုနဲ့အတူသီဆိုထားတဲ့ အငွေ့အသက်များ ဆိုတဲ့သီချင်းလေးထွက်ရှိပါတယ်။ အာဘွိုင်းကတော့ မင်းသမီးချောလေးမြတ်ရတနာကျော်နဲ့လက်ထပ်ခဲ့ပြီး ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။အာဘွိုင်းနဲ့ မြတ်ရတနာကျော်ကတော့ သူ့တို့ရဲ့ မိသားစုဘဝလေးကို နားလည်အပြည့်နဲ့တည်ဆောက်ထားပြီး ဒီနေ့မှာဆိုရင်တော့ အာဘွိုင်းက သူ့ရဲ့မိသားစုလေးအတွက် အကောင်းဆုံးတွေဖြစ်အောင်ကြိုးစားနေတဲ့အကြောင်းလေးကို အခုလိုပဲပြောပြခဲ့ပါတယ်။ အာဘွိုင်းကတော့ “ လွန်ခဲ့တဲ့ 10 နှစ်က ငါယောကျာ်းဆိုးတစ်ယောက်ဖြစ်ခဲ့တယ်.ဒါပေမယ့် အခုတော့ ဒီမိသားစုအတွက် ငါက ဖခင်ကောင်းနဲ့ ခင်ပွန်းကောင်း တစ်ယောက်ဆိုတာ သေချာအောင်လုပ်နေပြီ ။ပြောင်းလဲဖို့နဲ့ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့ ဘယ်တော့မှ နောက်မကျဘူးလို့ ငါထင်တယ် ။အချစ်ရဆုံး Myat အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ။”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…။ Source-Kyaw Phyo Tun Zawgyi လွန်ခဲ့တဲ့ 10 နှစ်ကယောကျာ်းဆိုးဖြစ်ခဲ့ပေမယ့် အခုချိန်မှာမိသားစုအတွက် ဖခင်ကောင်းနဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေပြီ … Read more