ဝါတွင်း၌ မင်္ဂလာမဆောင်ရခြင်းအကြောင်း…
ထေရဝါဒဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံ၌ ဝါတွင်းကာလများတွင် မင်္ဂလာဆောင်လေ့ မရှိကြပါ။ မင်္ဂလာဆောင်လေ့ မရှိကြသည့်အပြင် ခိုးရာလိုက်ခြင်း၊ နှစ်ဦးသဘောတူလက်မှတ်ထိုးထားခြင်းများပင် ပြုလုပ်ထားလေ့ မရှိကြပါ။ မြန်မာလူမျိုးတို့သည် ဝါတွင်းကာလတွင် လက်ထပ်ထိမ်းမြားယူကြပြီဆိုလျှင် ထိုလက်ထပ်ထိမ်းမြားသူများကို ရစရာမရှိအောင် ပစ်ပစ်ခါခါ ပြောတတ်ကြသည်။ သို့ဖြစ်လျှင် မြန်မာနိုင်ငံ၌ ဝါတွင်းကာလတွင် အဘယ့်ကြောင့် မင်္ဂလာမဆောင်ကောင်းပါသနည်း။ ဤအမေးမှာ လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းပင် ဖြစ်ပေသည်။ မိမိကိုယ်တိုင်သည်ပင် ဤမေးခွန်း၏အဖြေကို သိချင်နေခဲ့သည်မှာ ကြာပေပြီ။ စာအုပ်စာပေများ အမြဲလိုလို ဖတ်ဖြစ်သော်လည်း ခိုင်လုံတိကျသော အကြောင်းပြချက်များကိုကား စိတ်တိုင်းကျသည်အထိ မတွေ့ရှိခဲ့ရပေ။ အွန်လိုင်းသုံးသည့်အခါများတွင်လည်း မိမိထံသို့ ဤမေးခွန်းကို ခဏခဏ လာလာမေးလေ့ရှိကြသည်။ ဂဃနဏ မသိသောကြောင့် ကောင်းကောင်း ဖြေမပေးနိုင်ခဲ့ပေ။ ယခုအခါမှာတော့ မိမိ၏စိတ် ကျေနပ်ရသည်အထိ အဖြေကို သိခဲ့ရပေပြီ။ ယနေ့မနက် ကိုးနာရီမှ ဆယ်နာရီအတန်းချိန်တွင် … Read more