ငွေကျပ်ခုနှစ်ထောင်ဖြင့်မြေးလေးအား ရှင်ပြုအလှူတော် မင်္ဂလာပွဲကျင်းပပေးခဲ့တဲ့ အဖွား

တောင်ငူမြို့နယ်၊ကင်းဆိပ်အုပ်စု ၊ဖိုးနီဆိပ်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ငွေကျပ် ( ၇၀၀၀)ဖြင့်မတည်ကာရှင်ပြုအလှူတော်မင်္ဂလာပွဲကျင်းပခဲ့ကြောင်းသိရပါတယ်။ဖိုးနီဆိပ်ကျေးရွာနေ ဒေါ်စိန်တင့်ဆိုသည့်( မုဆိုးမ )( ၅၇ )နှစ်အရွယ်အမျိုးသမီးကြီးမှ မြေး ဖြစ်သူအား ရှင်ပြုပေးချင်သောကြောင့် ငွေကျပ်( ၇၀၀၀)နှင့်အတူသင်္ကန်း (၁)စုံ ၊ ပုတီး(၁)ကုံး ၊ သပိတ်( ၁) ယူဆောင်လာကာ ကျေးရွာရာအိမ်မှူးထံသို့လာရောက်ကာ မိမိ မြေးလေးအတွက်ရှင်ပြုချင်ကြောင်း ပြောကြားလာသောကြောင့် ကျေးရွာလူကြီးမှတဆင့် ကျေးရွာသားများစုပေါင်း ကုသိုလ်ဖြင့် ရှင်ပြုအလှူတော်မဂ်လာပွဲကျင်းပနိုင်ခဲ့ကြောင်းအဆိုပါကျေးရွာသား များထံမှ သိရပါတယ်။

” ငွေ၇၀၀၀၊သင်္ကန်( ၁)စုံ ၊သပိတ်( ၁)လုံး ၊ပုတီး( ၁)ကုံးယူဆောင်လာပြီးသူမြေးလေးကို ရှင်ပြုပေးချင်ကြောင်း ၊ အလှူပွဲအား မနက်ဖန် စီစဉ်ပေးစေချင်ကြောင်းပြောကြာလာသောကြောင့်ရွာဦးကျောင်းဆရာတော်ထံ လျှောက်ထားပြီးနောက် ကျေးရွာသားများ စုပေါင်းကာ ဖေဖော်ဝါရီ ၁၉ရက်နေ့ ည၈နာရီမှာအားချင်း အလှူဝတ်လှည့်ကာ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အလှူကြီးကျင်းပ ပေးခဲ့ကြ ကြောင်းယခုလို မရှိတဲ့သူကိုလှူချင်တဲ့ဆန္ဒပြည့်သွားအောင် ဝိုင်းဝန်းကူညီပေးကြသောလူအားလုံးကိုလည်း ဒေါ် စိန်တင့်ကိုယ်စား ကျေးဇူးအထူးတင် သာဓု ခေါ်ဆိုပါကြောင်း” ကျေးရွာရာအိမ်မှူး ဦးမြင့်စိုးကဆိုပါတယ်။

အမေကြီး ဒေါ်စိန်တင့်သည်စိတ်ကျန်းမာရေးအနည်းငယ်မကောင်းသူတစ်ဦးဖြစ်ပြီး ၊ ယင်းနေ့ အလှူပွဲပြီးဆုံးပြီးစုပေါင်းအလှူငွေမှပိုလျှံလာ သော ငွေတစ်ချို့အား ကျေးရွာအတွင်းရှိ ကလေးသူငယ်များအားအဟာရဒါနအဖြစ် ပြန်လည်းဒါန်းပေးခဲ့ကြောင်းသိရတယ် ။

Source-နေလင်းအောင်( တောင်ငူ )21 2.2020,CRD-Zin Moe

Zawgyi

ေငြက်ပ္ခုႏွစ္ေထာင္ျဖင့္ေျမးေလးအား ရွင္ျပဳအလႉေတာ္ မဂၤလာပြဲက်င္းပေပးခဲ့တဲ့ အဖြား

ေတာင္ငူၿမိဳ႕နယ္၊ကင္းဆိပ္အုပ္စု ၊ဖိုးနီဆိပ္ေက်း႐ြာတြင္ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က ေငြက်ပ္ ( ၇၀၀၀)ျဖင့္မတည္ကာရွင္ျပဳအလႉေတာ္မဂၤလာပြဲက်င္းပခဲ့ေၾကာင္းသိရပါတယ္။ဖိုးနီဆိပ္ေက်း႐ြာေန ေဒၚစိန္တင့္ဆိုသည့္( မုဆိုးမ )( ၅၇ )ႏွစ္အ႐ြယ္အမ်ိဳးသမီးႀကီးမွ ေျမး ျဖစ္သူအား ရွင္ျပဳေပးခ်င္ေသာေၾကာင့္ ေငြက်ပ္( ၇၀၀၀)ႏွင့္အတူသကၤန္း (၁)စုံ ၊ ပုတီး(၁)ကုံး ၊ သပိတ္( ၁) ယူေဆာင္လာကာ ေက်း႐ြာရာအိမ္မႉးထံသို႔လာေရာက္ကာ မိမိ ေျမးေလးအတြက္ရွင္ျပဳခ်င္ေၾကာင္း ေျပာၾကားလာေသာေၾကာင့္ ေက်း႐ြာလူႀကီးမွတဆင့္ ေက်း႐ြာသားမ်ားစုေပါင္း ကုသိုလ္ျဖင့္ ရွင္ျပဳအလႉေတာ္မဂ္လာပြဲက်င္းပႏိုင္ခဲ့ေၾကာင္းအဆိုပါေက်း႐ြာသား မ်ားထံမွ သိရပါတယ္။

” ေငြ၇၀၀၀၊သကၤန္( ၁)စုံ ၊သပိတ္( ၁)လုံး ၊ပုတီး( ၁)ကုံးယူေဆာင္လာၿပီးသူေျမးေလးကို ရွင္ျပဳေပးခ်င္ေၾကာင္း ၊ အလႉပြဲအား မနက္ဖန္ စီစဥ္ေပးေစခ်င္ေၾကာင္းေျပာၾကာလာေသာေၾကာင့္႐ြာဦးေက်ာင္းဆရာေတာ္ထံ ေလွ်ာက္ထားၿပီးေနာက္ ေက်း႐ြာသားမ်ား စုေပါင္းကာ ေဖေဖာ္ဝါရီ ၁၉ရက္ေန႔ ည၈နာရီမွာအားခ်င္း အလႉဝတ္လွည့္ကာ ေဖေဖာ္ဝါရီ ၂၀ရက္ေန႔တြင္ အလႉႀကီးက်င္းပ ေပးခဲ့ၾက ေၾကာင္းယခုလို မရွိတဲ့သူကိုလႉခ်င္တဲ့ဆႏၵျပည့္သြားေအာင္ ဝိုင္းဝန္းကူညီေပးၾကေသာလူအားလုံးကိုလည္း ေဒၚ စိန္တင့္ကိုယ္စား ေက်းဇူးအထူးတင္ သာဓု ေခၚဆိုပါေၾကာင္း” ေက်း႐ြာရာအိမ္မႉး ဦးျမင့္စိုးကဆိုပါတယ္။

အေမႀကီး ေဒၚစိန္တင့္သည္စိတ္က်န္းမာေရးအနည္းငယ္မေကာင္းသူတစ္ဦးျဖစ္ၿပီး ၊ ယင္းေန႔ အလႉပြဲၿပီးဆုံးၿပီးစုေပါင္းအလႉေငြမွပိုလွ်ံလာ ေသာ ေငြတစ္ခ်ိဳ႕အား ေက်း႐ြာအတြင္းရွိ ကေလးသူငယ္မ်ားအားအဟာရဒါနအျဖစ္ ျပန္လည္းဒါန္းေပးခဲ့ေၾကာင္းသိရတယ္ ။