အနားမယူတော့ပဲ နောက်ထပ်ဇာတ်ကားသစ် ရိုက်ကူးတော့မယ့် Hyun Bin

“Crash Landing on You” ဇာတ်ကားပြီးသွားတာမို့ စိတ်မကောင်းဖြစ်နေတဲ့ Hyun Bin ရဲ့ ပရိသတ်တွေ အတွက် သတင်ကောင်းရှိပါတယ်။ Hyun Bin ကတော့ နောက်ထပ် ဇာတ်ကားသစ်ရိုက်ကူးတော့မှာပါ။ ဒီအ ကြောင်းကိုတော့ Hyun Binရဲ့ အေဂျင်စီ VAST Entertainment က ဖေဖော်ဝါရီ (၂၁) ရက်နေ့ မှာ တရား ဝင် ကြေညာလိုက်တာပါ။ “Bargaining” (ယာယီပေးထားတဲ့ နာမည်)ဆိုတဲ့ ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင် သွား မှာပါ။ အရင်နှစ်တုန်းတည်းက ကမ်းလှမ်းထားခဲ့တာ ဖြစ်ပြီး အခုမှ ကမ်းလှမ်းချက်ကို လက်ခံလိုက်တာပါ။

VAST Entertainment ကတော့ “‘Bargaining’ ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးရေးတွေကိုတော့ ပြည်ပ မှာ မကြာ ခင်ရိုက်ကူးမယ်လို့ ပြောခဲ့ပါတယ် ။နောက်ထပ်မတူညီတဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ “Crash Landing on You” ထဲက နဲ့ မတူတဲ့ ပုံစံကို တွေ့ရမယ်လို့ အေဂျင်စီက ဆိုပါတယ်။ “Bargaining,” ဆိုတဲ့ ဇာတ်ကားမှာတော့ သရုပ်ဆောင် Hwang Jung Minလည်း ပါဝင် သွးမှာပါ။ အရှေ့အ လယ်ပိုင်းမှာ ပြန်ပေးဆွဲခံခဲ့ရပြီး ပြန်ပေးဆွဲခံရသူတွေကို ကယ်ဆယ်ဖို့ ကြိုးစားတဲ့ အကြောင်းလေး ပါ။

ဒီဇာတ် ကားကိုတော့ Little Forest ရဲ့ဒါရိုက်တာ Im Soon Rye ကရိုက်ကူးမှာပါ။ “Crash Landing on You,” ဇာတ်ကားအပြီး တစ်ပတ် တောင် မကြာ သေးတဲ့ အချိန်မှာပဲ နောက်ထပ် ဇာတ်ကားရိုက်ကူးမယ့် အ ကြောင်းကို တရားဝင် ကြေညာခဲ့တာပါ။ Hyun Bin တစ်ယောက်ဘာ တွေ လုပ်နေလဲ ဆိုတာကို သိချင်နေမယ့် ပရိသတ်တွေ အတွက် အေဂျင်စီဘက်က အခုလို ပြောခဲ့ပါတယ်။ လက်တလောမှာတော့သူ့ရဲ့ နောက်ထပ် ဇာတ်ကားသစ် အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေ ပြီး အလုပ်တွေ များနေ ကြောင်း၊ဇာတ်ကားတစ်ခုနဲ့ တစ်ခုကြား အနားမယူပဲ အလုပ်တွေ ကြိုးစားနေတယ်လို့ အေဂျင်စီက ပြောပါတယ်။

Source :Soompi,CRD-Auntymay

Zawgyi

အနားမယူေတာ့ပဲ ေနာက္ထပ္ဇာတ္ကားသစ္ ႐ိုက္ကူးေတာ့မယ့္ Hyun Bin

“Crash Landing on You” ဇာတ္ကားၿပီးသြားတာမို႔ စိတ္မေကာင္းျဖစ္ေနတဲ့ Hyun Bin ရဲ႕ ပရိသတ္ေတြ အတြက္ သတင္ေကာင္းရွိပါတယ္။ Hyun Bin ကေတာ့ ေနာက္ထပ္ ဇာတ္ကားသစ္႐ိုက္ကူးေတာ့မွာပါ။ ဒီအ ေၾကာင္းကိုေတာ့ Hyun Binရဲ႕ ေအဂ်င္စီ VAST Entertainment က ေဖေဖာ္ဝါရီ (၂၁) ရက္ေန႔ မွာ တရား ဝင္ ေၾကညာလိုက္တာပါ။ “Bargaining” (ယာယီေပးထားတဲ့ နာမည္)ဆိုတဲ့ ႐ုပ္ရွင္ကားမွာ ပါဝင္ သ႐ုပ္ေဆာင္ သြား မွာပါ။ အရင္ႏွစ္တုန္းတည္းက ကမ္းလွမ္းထားခဲ့တာ ျဖစ္ၿပီး အခုမွ ကမ္းလွမ္းခ်က္ကို လက္ခံလိုက္တာပါ။

VAST Entertainment ကေတာ့ “‘Bargaining’ ဆိုတဲ့ ႐ုပ္ရွင္ကား ႐ိုက္ကူးေရးေတြကိုေတာ့ ျပည္ပ မွာ မၾကာ ခင္႐ိုက္ကူးမယ္လို႔ ေျပာခဲ့ပါတယ္ ။ေနာက္ထပ္မတူညီတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ “Crash Landing on You” ထဲက နဲ႔ မတူတဲ့ ပုံစံကို ေတြ႕ရမယ္လို႔ ေအဂ်င္စီက ဆိုပါတယ္။ “Bargaining,” ဆိုတဲ့ ဇာတ္ကားမွာေတာ့ သ႐ုပ္ေဆာင္ Hwang Jung Minလည္း ပါဝင္ သြးမွာပါ။ အေရွ႕အ လယ္ပိုင္းမွာ ျပန္ေပးဆြဲခံခဲ့ရၿပီး ျပန္ေပးဆြဲခံရသူေတြကို ကယ္ဆယ္ဖို႔ ႀကိဳးစားတဲ့ အေၾကာင္းေလး ပါ။

ဒီဇာတ္ ကားကိုေတာ့ Little Forest ရဲ႕ဒါ႐ိုက္တာ Im Soon Rye က႐ိုက္ကူးမွာပါ။ “Crash Landing on You,” ဇာတ္ကားအၿပီး တစ္ပတ္ ေတာင္ မၾကာ ေသးတဲ့ အခ်ိန္မွာပဲ ေနာက္ထပ္ ဇာတ္ကား႐ိုက္ကူးမယ့္ အ ေၾကာင္းကို တရားဝင္ ေၾကညာခဲ့တာပါ။ Hyun Bin တစ္ေယာက္ဘာ ေတြ လုပ္ေနလဲ ဆိုတာကို သိခ်င္ေနမယ့္ ပရိသတ္ေတြ အတြက္ ေအဂ်င္စီဘက္က အခုလို ေျပာခဲ့ပါတယ္။ လက္တေလာမွာေတာ့သူ႔ရဲ႕ ေနာက္ထပ္ ဇာတ္ကားသစ္ အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေန ၿပီး အလုပ္ေတြ မ်ားေန ေၾကာင္း၊ဇာတ္ကားတစ္ခုနဲ႔ တစ္ခုၾကား အနားမယူပဲ အလုပ္ေတြ ႀကိဳးစားေနတယ္လို႔ ေအဂ်င္စီက ေျပာပါတယ္။