နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့အတူ အမျိုးသမီးဇာတ်ဆောင်ဆုအတွက်ရေပန်းစားနေတဲ့ ဝတ်မှုန်ရွှေရည်နဲ့အိန္ဒြာကျော်ဇင်

အခုဆိုရင် (၆၈)ကြိမ်မြောက် အကယ်ဒမီပေးပွဲကြီး ကျင်းပဖို့နီးကပ်လာပါပြီ။မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေကတော့ ကိုယ်အားပေးတဲ့အနုပညာရှင်အတွက်ရင်ခုန်နေကြမှာပါ။ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေက အကယ်ဒမီဆုကို အပြိုင်အဆိုင် ထင်ကြေးပေးနေကြတာပဲ ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာတော့ အိန္ဒြာကျော်ဇင်နဲ့ ဝတ်မှုန်ရွှေရည်လည်း အပါအဝင်ပါပဲ။သူတို့နှစ်ဦးကတော့ ထိပ်တန်းမင်းသမီးတွေဖြစ်သလို ဇာတ်ကားကောင်းတွေမှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ကြသူတွေလည်း ဖြစ်ပါတယ်။တစ်နှစ်အတွင်းမှာ နာမည်ကြီးခဲ့တဲ့ဇာတ်ကားတွေနဲ့အတူ အကယ်ဒမီရနိုင်တယ်လို့လည်း ထင်ကြေးပေးခံနေရတာပါ။ဝတ်မှုန်ရွေရည်ကတော့ ဒီတစ်နှစ်အတွင်းမှာ ဇာတ်ကားများစွာမှာပါဝင်ခဲ့ပြီး ဒဏ္ဍာရီမိုး၊လိပ်ပြာစံအိမ် နဲ့ တိမ်တွေပေါ်ကပန်း စတဲ့ဇာတ်ကားတွေနဲ့ အကယ်ဒမီရဖို့ရေပန်းစားနေတာဖြစ်ပါတယ်။

အနုပညာမှော်ကဝေလို့တင်စားခံရတဲ့ အိန္ဒြာကျော်ဇင်ကတော့ ဟစ်တိုင်၊ကျွန်မအချစ်ဆုံးယောကျာ်းသုံးယောက်၊ရိုးမပေါ်ကျတဲ့မျက်ရည် နဲ့ Box No 88 စတဲ့ ဇာတ်ကားတွေနဲ့လူပြောများနေတာပါ။ဇာတ်ရုပ်ကိုအပေါ်လွင်ဆုံးသရုပ်ဆောင်နိုင်သူမင်းသမီးနှစ်ဦးထဲက ဘယ်သူကအကယ်ဒမီရသွားနိုင်သလဲဆိုတာ ရင်ခုန်စရာပါ။ပရိသတ်ကြီးကရော ဘယ်သူရမယ်လို့ ထင်သလဲနော်…

Photo : EaindraKyawZin,WuttHmoneShweYi,CRD-Cele Gabar

Zawgyi

နာမည္ႀကီး႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔အတူ အမ်ိဳးသမီးဇာတ္ေဆာင္ဆုအတြက္ေရပန္းစားေနတဲ့ ဝတ္မႈန္ေ႐ႊရည္နဲ႔အိျႏၵာေက်ာ္ဇင္

အခုဆိုရင္ (၆၈)ႀကိမ္ေျမာက္ အကယ္ဒမီေပးပြဲႀကီး က်င္းပဖို႔နီးကပ္လာပါၿပီ။ျမန္မာ့႐ုပ္ရွင္ခ်စ္ပရိသတ္ေတြကေတာ့ ကိုယ္အားေပးတဲ့အႏုပညာရွင္အတြက္ရင္ခုန္ေနၾကမွာပါ။ဒိတ္ဒိတ္ႀကဲသ႐ုပ္ေဆာင္ေတြရဲ႕သ႐ုပ္ေဆာင္ပီျပင္မႈေတြေၾကာင့္ ပရိသတ္ေတြက အကယ္ဒမီဆုကို အၿပိဳင္အဆိုင္ ထင္ေၾကးေပးေနၾကတာပဲ ျဖစ္ပါတယ္။

အဲ့ဒီအထဲမွာေတာ့ အိျႏၵာေက်ာ္ဇင္နဲ႔ ဝတ္မႈန္ေ႐ႊရည္လည္း အပါအဝင္ပါပဲ။သူတို႔ႏွစ္ဦးကေတာ့ ထိပ္တန္းမင္းသမီးေတြျဖစ္သလို ဇာတ္ကားေကာင္းေတြမွာ ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ၾကသူေတြလည္း ျဖစ္ပါတယ္။တစ္ႏွစ္အတြင္းမွာ နာမည္ႀကီးခဲ့တဲ့ဇာတ္ကားေတြနဲ႔အတူ အကယ္ဒမီရႏိုင္တယ္လို႔လည္း ထင္ေၾကးေပးခံေနရတာပါ။ဝတ္မႈန္ေ႐ြရည္ကေတာ့ ဒီတစ္ႏွစ္အတြင္းမွာ ဇာတ္ကားမ်ားစြာမွာပါဝင္ခဲ့ၿပီး ဒ႑ာရီမိုး၊လိပ္ျပာစံအိမ္ နဲ႔ တိမ္ေတြေပၚကပန္း စတဲ့ဇာတ္ကားေတြနဲ႔ အကယ္ဒမီရဖို႔ေရပန္းစားေနတာျဖစ္ပါတယ္။

အႏုပညာေမွာ္ကေဝလို႔တင္စားခံရတဲ့ အိျႏၵာေက်ာ္ဇင္ကေတာ့ ဟစ္တိုင္၊ကြၽန္မအခ်စ္ဆုံးေယာက်ာ္းသုံးေယာက္၊႐ိုးမေပၚက်တဲ့မ်က္ရည္ နဲ႔ Box No 88 စတဲ့ ဇာတ္ကားေတြနဲ႔လူေျပာမ်ားေနတာပါ။ဇာတ္႐ုပ္ကိုအေပၚလြင္ဆုံးသ႐ုပ္ေဆာင္ႏိုင္သူမင္းသမီးႏွစ္ဦးထဲက ဘယ္သူကအကယ္ဒမီရသြားႏိုင္သလဲဆိုတာ ရင္ခုန္စရာပါ။ပရိသတ္ႀကီးကေရာ ဘယ္သူရမယ္လို႔ ထင္သလဲေနာ္…