“နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖျော်ဖြေခွင့်ရလို့ ဂုဏ်ယူမဆုံးဖြစ်နေတဲ့ အက်စတာ”

Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပြိုင်ပွဲကြီးပြီနောက်မှာ ဖျော်ဖြေရေးပွဲတွေကို ဆက်တိုက်ဆိုသလိုတတ်ရောက်နေရတာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖျော်ဖြေခွင့်ရလို့ ဂုဏ်ယူမဆုံးဖြစ်နေတဲ့အကြောင်းကို “အမေစုအတွက်သီချင်းဆိုရာတာ အရမ်းဂုဏ်ယူပါတယ်မေမေ”လို့သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ရဲ့ My Day မှာတင်ထားတာလည်းဖြစ်ပါတယ်။

ချင်းတိုင်းရင်သူ အဆိုတော်ဖြစ်တဲ့ အက်စတာကတော့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှာကျရောက် ချင်အမျိုးသားနေ့ကို ထန်တလန်းမြို့မှာကျင်းပတဲ့ပွဲကိုတတ်ရောက်ရင်း လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရေးစပ်သီကုံးထားတဲ့ “ငါတို့ရဲ့ General” သီချင်းကိုသီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီ “ငါတို့ရဲ့ General” သီချင်းကတော့ Myanmar Idol Season (3) ပြိုင်ပွဲကြီးရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ထန်တလန်းမြို့မှာကျင်းပတဲ့ ချင်အမျိုးသားနေ့ကိုတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ချင်းရိုးရာဝတ်စုံလေး ဝတ်ဆင်ကာတတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ Winner ဆုရှင် ချင်းတိုင်းရင်သူလေး အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ထန်တလန်းမြို့မှာကျင်းပတဲ့ ချင်အမျိုးသားနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖျော်ဖြေခွင့်ရလို့ ဂုဏ်ယူမဆုံးဖြစ်နေပါတဲ့နော်။

CRD-We Love Esther Dawt Chin Sung (ဆုနျဆုနျ)

Zawgyi



