ဆံပင္ညႇပ္ေနတဲ့ ခ်စ္ခင္ပြန္းေ႐ႊထူးကို ဆိုင္အထိလိုက္ၿပီး စိတ္ရွည္လက္ရွည္နဲ႔ထိုင္ေစာင့္ေပးခဲ့တဲ့ ေ႐ႊမႈန္ရတီ

ေ႐ႊေ႐ႊစုံတြဲလို႔ ပရိသတ္ေတြအားလုံးက ခ်စ္စႏိုးနဲ႔အမည္ေပးထားတဲ့ ေ႐ႊထူးနဲ႔ ေ႐ႊမႈန္ရတီတို႔ဇနီးေမာင္ႏွံကေတာ့ အရမ္းကိုလိုက္ဖက္ညီတဲ့ အႏုပညာရွင္စုံတြဲေလးပဲ ျဖစ္ပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကၿပီး အၿမဲတမ္း Romantic ဆန္ဆန္ၾကည္ႏူးေနတဲ့ သူတို႔စုံတြဲေလးကိုၾကည့္ၿပီး ပရိသတ္ေတြအားလုံးက အားက်ခ်စ္ခင္ေနရတာ ျဖစ္ပါတယ္။

Loading...

အခုဆိုရင္လည္း လာမယ့္ႏိုဝင္ဘာလ (၁၁) ရက္ေန႔မွာ ေ႐ႊထူးနဲ႔ ေ႐ႊမႈန္ရတီတို႔စုံတြဲေလးက မဂၤလာသက္တမ္းတစ္ႏွစ္တိတိ ျပည့္ေတာ့မွာပဲ ျဖစ္ပါတယ္။ အေသးစိတ္ကအစ အခ်င္းခ်င္းဂ႐ုစိုက္တတ္တဲ့ သူတို႔စုံတြဲေလးက အၿမဲတမ္းလက္တြဲေတြခိုင္ၿမဲေနၾကတာလည္း ျဖစ္ပါတယ္။ အခုလည္း ေ႐ႊမႈန္က ခ်စ္ခင္ပြန္းေ႐ႊထူးကို ဆံပင္ညႇပ္ဆိုင္အထိလိုက္ၿပီး စိတ္ရွည္ရွည္နဲ႔ ထိုင္ေစာင့္ေပးခဲ့ပါတယ္။

ေ႐ႊမႈန္အလွျပင္ဆိုုင္သြားတိုင္း အၿမဲလိုက္ေစာင့္ေပးခဲ့တဲ့ ေ႐ႊထူးတစ္ေယာက္ ဒီတစ္ခါမွာေတာ့ ” ဆံပင္ညႇပ္ဆိုင္မွာ ေနျပန္လွန္းလိုက္တယ္ ” ဆိုၿပီး ခ်စ္ဇနီးေလးကို စေနာက္ထားတာ ေတြ႕ရပါတယ္။ ေ႐ႊမႈန္ကလည္း ” သူ႔အလွည့္ေပါ့ ” ဆိုၿပီး ပုံေလးေတြ တင္ထားပါေသးတယ္။ကဲ ခ်စ္ပရိသတ္ေတြအတြက္ အရမ္းခ်စ္ၾကတဲ့ ေ႐ႊထူးနဲ႔ ေ႐ႊမႈန္ရတီတို႔စုံတြဲရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

credit -myanmarload
unicode

ရွှေရွှေစုံတွဲလို့ ပရိသတ်တွေအားလုံးက ချစ်စနိုးနဲ့အမည်ပေးထားတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဇနီးမောင်နှံကတော့ အရမ်းကိုလိုက်ဖက်ညီတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး အမြဲတမ်း Romantic ဆန်ဆန်ကြည်နူးနေတဲ့ သူတို့စုံတွဲလေးကိုကြည့်ပြီး ပရိသတ်တွေအားလုံးက အားကျချစ်ခင်နေရတာ ဖြစ်ပါတယ်။

အခုဆိုရင်လည်း လာမယ့်နိုဝင်ဘာလ (၁၁) ရက်နေ့မှာ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲလေးက မင်္ဂလာသက်တမ်းတစ်နှစ်တိတိ ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ အသေးစိတ်ကအစ အချင်းချင်းဂရုစိုက်တတ်တဲ့ သူတို့စုံတွဲလေးက အမြဲတမ်းလက်တွဲတွေခိုင်မြဲနေကြတာလည်း ဖြစ်ပါတယ်။ အခုလည်း ရွှေမှုန်က ချစ်ခင်ပွန်းရွှေထူးကို ဆံပင်ညှပ်ဆိုင်အထိလိုက်ပြီး စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ပေးခဲ့ပါတယ်။

ရွှေမှုန်အလှပြင်ဆိုင်သွားတိုင်း အမြဲလိုက်စောင့်ပေးခဲ့တဲ့ ရွှေထူးတစ်ယောက် ဒီတစ်ခါမှာတော့ ” ဆံပင်ညှပ်ဆိုင်မှာ နေပြန်လှန်းလိုက်တယ် ” ဆိုပြီး ချစ်ဇနီးလေးကို စနောက်ထားတာ တွေ့ရပါတယ်။ ရွှေမှုန်ကလည်း ” သူ့အလှည့်ပေါ့ ” ဆိုပြီး ပုံလေးတွေ တင်ထားပါသေးတယ်။ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းချစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Loading...