အားလပ်ရက်မှာ အချစ်ဆုံးဘော်ဒါကြီးနဲ့ သာသာယာယာအနားယူနေတဲ့ ရွှေထူး


Loading...





credit – momolay
Unicode

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့စုံတွဲလေးက ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားသူ တစ်ဦးပါ။ ရွှေထူးကလည်း အဆိုလောကမှာ အောင်မြင်သလို ရွှေမှုံရတီကလည်း သရုပ်ဆောင်လောကမှာ ဒိတ်ဒိတ်ကြဲ မင်းသမီးလေးဖြစ်တာကြောင့် သူတို့ ဇနီးမောင်နှံက နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်သူတွေ ဖြစ်ကြပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေ ကိုယ်စီလုပ်ကိုင်ရင်း မအားမလပ်ရှိနေတာတောင် တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက် အချိန်ပေးဖို့ မမေ့သူတွေ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ရွှေထူးက ရှုတင်တွေ၊ အလုပ်တွေ ဆက်တိုက်လုပ်ပြီး အားတဲ့ရက်လေးမှာ ချစ်ဇနီးလေးနဲ့အတူတူ ဝီစကီလေးသောက်ရင်း အနားယူနေတာကို တွေ့ရပါတယ်။

ရွှေထူးက လက်ရှိမှာတော့ X-box၊ Lil’ Z၊ ထက်ယံတို့နဲ့အတူတူ “4 Réunion” ပွဲကြီးမှာ ဖျော်ဖြေဖို့ ပြင်ဆင်နေပြီး “တစ်ဦးတည်းသောဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ နှစ်ယောက်တည်း အချိန်ဖြုန်းရင်း သာသာယာယာ အနားယူနေကြတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Loading...