အချစ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်လိုက်တဲ့ ဝတ်မှုံရွှေရည်

ပရိသတ်ကြီးရေ ဝတ်မှုံရွှေရည်ကတော့ အမာခံပရိသတ်တွေ ဘယ်လောက်များလဲဆိုရင် We Love Group တွေအပြင် We Love Page တွေပါ ပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးမီက ရုံတင်ခဲ့တဲ့ “မြက်နု ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ် အပျိုပေါက်လေးအသွင်ကတော့ ကြည့်ရှူပြီးသူတိုင်း မချီးကျူးဘဲမနေနိုင်အောင်ပါပဲနော်။

နိုင်ငံကျော်ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့အပြင် ရုပ်ရှင်ထူးချွန်ဆု (၂)ဆုကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းဝါရင့်မင်းသမီးတစ်ဦး ဖြစ်ပြီးကျရာဇာတ်ရုပ်ကိုအပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ပါပဲနော်။

ယခု (၂၀၂၀) ခုနှစ် အတွက် ပရိသတ်တွေ ခန့်မှန်းကြတဲ့ အကယ်ဒမီ ဆန်ကာတင်စာရင်းထဲမှာ ဝတ်မှုံရွှေရည်ကတော့ ထိပ်ဆုံးက ပါဝင်နေတာပါ။ ရွှေကစ်လေးရဲ့ လတ်တလော ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားစေခဲ့တဲ့ အရာလေးကတော့ အဆိုတော် Ar-T ရဲ့ “ နင်ငါ့ကိုမချစ်ဘူး ” ဆိုတဲ့ သီချင်း mtv လေးမှာ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ပါဝင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း “ ကိုယ်ဘယ်လောက်သူ့ကို ပျော်စေချင်လဲ ဆိုတာလည်းအချစ်ပါပဲ ။ ဟုတ်လား ပရိတ်သတ်ကြီး ?? နည်းနည်းမွှေမယ်နော် “ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ခရီးသွားအမှတ်တရပုံရိပ်တွေကို ဝေမျှလာတာပဲဖြစ်ပါတယ်။

အခုချိန်ထိ Singleအဖြစ်နဲ့အနုပညာအလုပ်တွေက်ုလုပ်ကိုင်လျက်ရှိတဲ့ ရွှေကစ်တစ်ယောက် ချစ်တဲ့သူရှိနေပြီလားဆိုပြီး ပရိသတ်တွေကမေးခွန်းထုတ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ရွှေကစ်တစ်ယောက်ချစ်တဲ့သူရှိနေပြီလားဆိုတာထင်မြင်ချက်လေးပေးခဲ့ပါဦးနော်။

Source : WuttHmone Shwe Yi,CRD – CeleConnections

ZAWGYI

အခ်စ္နဲ႕ပတ္သက္ၿပီး ေမးခြန္းထုတ္လိုက္တဲ့ ဝတ္မႈံေ႐ႊရည္

ပရိသတ္ႀကီးေရ ဝတ္မႈံေ႐ႊရည္ကေတာ့ အမာခံပရိသတ္ေတြ ဘယ္ေလာက္မ်ားလဲဆိုရင္ We Love Group ေတြအျပင္ We Love Page ေတြပါ ပိုင္ဆိုင္ထားတဲ့ ႏိုင္ငံေက်ာ္မင္းသမီးတစ္လက္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ မၾကာေသးမီက ႐ုံတင္ခဲ့တဲ့ “ျမက္ႏု ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေနတိုးနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ခဲ့တဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ အပ်ိဳေပါက္ေလးအသြင္ကေတာ့ ၾကည့္ရႉၿပီးသူတိုင္း မခ်ီးက်ဴးဘဲမေနႏိုင္ေအာင္ပါပဲေနာ္။

ႏိုင္ငံေက်ာ္ျပည္သူခ်စ္အႏုပညာရွင္ျဖစ္တဲ့အျပင္ ႐ုပ္ရွင္ထူးခြၽန္ဆု (၂)ဆုကို ပိုင္ဆိုင္ထားတဲ့ ထိပ္တန္းဝါရင့္မင္းသမီးတစ္ဦး ျဖစ္ၿပီးက်ရာဇာတ္႐ုပ္ကိုအပီျပင္ဆုံးသ႐ုပ္ေဆာင္ႏိုင္တဲ့သူတစ္ေယာက္ပါပဲေနာ္။

ယခု (၂၀၂၀) ခုႏွစ္ အတြက္ ပရိသတ္ေတြ ခန႔္မွန္းၾကတဲ့ အကယ္ဒမီ ဆန္ကာတင္စာရင္းထဲမွာ ဝတ္မႈံေ႐ႊရည္ကေတာ့ ထိပ္ဆုံးက ပါဝင္ေနတာပါ။ ေ႐ႊကစ္ေလးရဲ႕ လတ္တေလာ ပရိသတ္ေတြပါးစပ္ဖ်ားမွာ ေရပန္းစားေစခဲ့တဲ့ အရာေလးကေတာ့ အဆိုေတာ္ Ar-T ရဲ႕ “ နင္ငါ့ကိုမခ်စ္ဘူး ” ဆိုတဲ့ သီခ်င္း mtv ေလးမွာ အမိုက္စားသ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ ပါဝင္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။

လက္ရွိမွာလည္း “ ကိုယ္ဘယ္ေလာက္သူ႔ကို ေပ်ာ္ေစခ်င္လဲ ဆိုတာလည္းအခ်စ္ပါပဲ ။ ဟုတ္လား ပရိတ္သတ္ႀကီး ?? နည္းနည္းေမႊမယ္ေနာ္ “ ဆိုတဲ့စာသားေလးနဲ႕အတူ သူမရဲ႕ခရီးသြားအမွတ္တရပံုရိပ္ေတြကို ေဝမွ်လာတာပဲျဖစ္ပါတယ္။

အခုခ်ိန္ထိ Singleအျဖစ္နဲ႔အႏုပညာအလုပ္ေတြက္ုလုပ္ကိုင္လ်က္ရွိတဲ့ ေ႐ႊကစ္တစ္ေယာက္ ခ်စ္တဲ့သူရွိေနၿပီလားဆိုၿပီး ပရိသတ္ေတြကေမးခြန္းထုတ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရာ ေ႐ႊကစ္တစ္ေယာက္ခ်စ္တဲ့သူရွိေနၿပီလားဆိုတာထင္ျမင္ခ်က္ေလးေပးခဲ့ပါဦးေနာ္။

Source : WuttHmone Shwe Yi,CRD – CeleConnections

Be the first to comment

Leave a Reply

Your email address will not be published.


*