ပေါ့ပေါ့ပါးပါးနေရတာကြိုက်သူတွေအတွက် မိမိုက်စေမယ့် Free Style ဖက်ရှင်များ

လွတ်လပ်ပေါ့ပါးတဲ့ free style ကိုပဲ ကြိုက်နှစ်သက်သူတွေအတွက်ကတော့ T shirt နဲ့ ဂျင်းဘောင်းဘီကိုပဲ မြင်တတ်ကြတယ်ဆို မငြင်းလောက်ပါဘူးနော်။ ဒီလိုမျိုး ပေါ့ပေါ့ပါးပါးလည်း ဖြစ်မယ်၊ စတိုင်လ်လည်းကျစေမယ့် Lisa ရဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဘယ်အချိန်ပဲ ကြည့်လိုက်ကြည့်လိုက် အမြဲတမ်း စတိုင်လ်ကျနေတတ်တဲ့ Lisa ရဲ့ဖက်ရှင်တွေထဲက ကိုယ်တိုင်လိုက်ဝတ်လို့ အဆင်ပြေမယ့် free style လေးတွေကို ရွေးချယ်ပေးထားပါတယ်။

ပွပွယောင်းယောင်း ဘောင်းဘီအရှည် trip skater jean ကို ရိုးရိုးရှင်းရှင်းပဲ t shirt အဖြူလေးနဲ့ တွဲဝတ်ထားခြင်းဖြစ်ပါတယ်။ တီရှပ်ကို ဘောင်းဘီထဲကို ထည့်ဝတ်ထားတဲ့ ပုံစံက ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှု ရှိနေပါတယ်နော်။ ဒီလိုဝတ်ဆင်မှုက sneaker ဖိနပ်လေးနဲ့ဆို လုံးဝ perfect ဖြစ်သွားစေတဲ့ ဖက်ရှင်ပါ။ ထူးထူးခြားခြား ဘာမှပြင်ဆင်စရာမလိုပဲကို စတိုင်လ်ကျနေစေမှာ ဖြစ်ပါတယ်။

ရာသီဥတုက အအေးဓာတ်လေး မပြယ်သေးတဲ့ ခုလိုအချိန်မျိုးမှာ ဝတ်ဖို့အဆင်ပြေတဲ့ ဖက်ရှင်ဖြစ်ပြီးတော့ ခရီးတွေဘာတွေ သွားတဲ့အခါမှာလည်း ဖက်ရှင်ကျကျနဲ့ ဝတ်လို့ရတဲ့ စတိုင်လ်မျိုး ဖြစ်ပါတယ်။ တီရှပ်အနက်ရောင်နဲ့ ဂျင်းဘောင်းဘီရှည်ကိုမှ အပေါ်ကနေ blazer coat လေးထပ်ဝတ်ထားတဲ့ ပုံစံလေးက ဘာမှကို အပိုအလိုမရှိတဲ့ စတိုလ်ဖြစ်ပါတယ်။ ခေါင်းရှုပ်ခံပြီး စဉ်းစားနေစရာမလိုတဲ့ ဖက်ရှင်အပြင်အဆင်ဖြစ်ပြီး ပေါ့ပါးစတိုလ်ကျစေပါတယ်နော်။

Hoddies ဆိုတာကတော့ ပေါ့ပါးမှုနဲ့ လူငယ်ဆန်မှုကို ပေါင်းစပ်ထားတဲ့ အကျီ ၤဖြစ်ပြီး ဂျင်းဘောင်းဘီရှည်ကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်လိုက်ရုံနဲ့ ဘာမှထပ်ပြင်ဆင်နေစရာမလိုအောင်ကို လိုက်ဖက်နေပါပြီနော်။ ဒီထက်ပိုမိုက်သွားချင်ရင်တော့ sneaker လေးစီးလိုက်ရုံပါပဲ။

T shirt အဖြူလေးတစ်ထည်ကတော့ မိန်းကလေးတိုင်းမှာ ရှိသင့်ပြီး ဘာနဲ့တွဲဝတ်ဝတ်အဆင်ပြေပါတယ်။ တီရှပ်အဖြူလေးကို အပျော့သား ဘောင်းဘီရှည်လေးနဲ့ တွဲဝတ်လိုက်တဲ့အခါ ခန္ဓာကိုယ်နဲ့ fitting ကျပြီးတော့ တကယ့်ကို မိုက်တဲ့ ဖက်ရှင်လေး ဖြစ်သွားစေပါတယ်။

credit-auntymay

ZAWGYI

ေပါ့ေပါ့ပါးပါးေနရတာႀကိဳက္သူေတြအတြက္ မိမိုက္ေစမယ့္ Free Style ဖက္ရွင္မ်ား

လြတ္လပ္ေပါ့ပါးတဲ့ free style ကိုပဲ ႀကိဳက္ႏွစ္သက္သူေတြအတြက္ကေတာ့ T shirt နဲ႔ ဂ်င္းေဘာင္းဘီကိုပဲ ျမင္တတ္ၾကတယ္ဆုိ မျငင္းေလာက္ပါဘူးေနာ္။ ဒီလုိမ်ိဳး ေပါ့ေပါ့ပါးပါးလည္း ျဖစ္မယ္၊ စတိုင္လ္လည္းက်ေစမယ့္ Lisa ရဲ႕ ဖက္႐ွင္ေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။ ဘယ္အခ်ိန္ပဲ ၾကည့္လုိက္ၾကည့္လိုက္ အျမဲတမ္း စတိုင္လ္က်ေနတတ္တဲ့ Lisa ရဲ႕ဖက္႐ွင္ေတြထဲက ကိုယ္တိုင္လိုက္ဝတ္လုိ႔ အဆင္ေျပမယ့္ free style ေလးေတြကို ေ႐ြးခ်ယ္ေပးထားပါတယ္။

ပြပြေယာင္းေယာင္း ေဘာင္းဘီအ႐ွည္ trip skater jean ကို ႐ိုး႐ိုး႐ွင္း႐ွင္းပဲ t shirt အျဖဴေလးနဲ႔ တြဲဝတ္ထားျခင္းျဖစ္ပါတယ္။ တီ႐ွပ္္ကို ေဘာင္းဘီထဲကို ထည့္ဝတ္ထားတဲ့ ပံုစံက ေပါ့ေပါ့ပါးပါးနဲ႔ ဆြဲေဆာင္မႈ ႐ွိေနပါတယ္ေနာ္။ ဒီလုိဝတ္ဆင္မႈက sneaker ဖိနပ္ေလးနဲ႔ဆို လံုးဝ perfect ျဖစ္သြားေစတဲ့ ဖက္႐ွင္ပါ။ ထူးထူးျခားျခား ဘာမွျပင္ဆင္စရာမလုိပဲကို စတုိင္လ္က်ေနေစမွာ ျဖစ္ပါတယ္။

ရာသီဥတုက အေအးဓာတ္္ေလး မျပယ္ေသးတဲ့ ခုလုိအခ်ိန္မ်ိဳးမွာ ဝတ္ဖို႔အဆင္ေျပတဲ့ ဖက္႐ွင္ျဖစ္ၿပီးေတာ့ ခရီးေတြဘာေတြ သြားတဲ့အခါမွာလည္း ဖက္႐ွင္က်က်နဲ႔ ဝတ္လုိ႔ရတဲ့ စတုိင္လ္မ်ိဳး ျဖစ္ပါတယ္။ တီ႐ွပ္အနက္ေရာင္နဲ႔ ဂ်င္းေဘာင္းဘီ႐ွည္ကိုမွ အေပၚကေန blazer coat ေလးထပ္ဝတ္ထားတဲ့ ပံုစံေလးက ဘာမွကို အပိုအလိုမ႐ွိတဲ့ စတိုလ္ျဖစ္ပါတယ္။ ေခါင္း႐ႈပ္ခံၿပီး စဥ္းစားေနစရာမလုိတဲ့ ဖက္႐ွင္အျပင္အဆင္ျဖစ္ၿပီး ေပါ့ပါးစတိုလ္က်ေစပါတယ္ေနာ္။

Hoddies ဆိုတာကေတာ့ ေပါ့ပါးမႈနဲ႔ လူငယ္ဆန္မႈကို ေပါင္းစပ္ထားတဲ့ အက်ီ ၤျဖစ္ၿပီး ဂ်င္းေဘာင္းဘီ႐ွည္ကေတာ့ ဘယ္ေတာ့မွ ႐ိုးမသြားတဲ့ ဖက္႐ွင္ျဖစ္ပါတယ္။ ဒီႏွစ္ခုကို ေပါင္းစပ္လုိက္႐ံုနဲ႔ ဘာမွထပ္ျပင္ဆင္ေနစရာမလုိေအာင္ကို လုိက္ဖက္ေနပါၿပီေနာ္။ ဒီထက္ပိုမိုက္သြားခ်င္ရင္ေတာ့ sneaker ေလးစီးလုိက္႐ံုပါပဲ။

T shirt အျဖဴေလးတစ္ထည္ကေတာ့ မိန္းကေလးတုိင္းမွာ ႐ွိသင့္ၿပီး ဘာနဲ႔တြဲဝတ္ဝတ္အဆင္ေျပပါတယ္။ တီ႐ွပ္အျဖဴေလးကို အေပ်ာ့သား ေဘာင္းဘီ႐ွည္ေလးနဲ႔ တြဲဝတ္လုိက္တဲ့အခါ ခႏၶာကိုယ္နဲ႔ fitting က်ၿပီးေတာ့ တကယ့္ကို မိုက္တဲ့ ဖက္႐ွင္ေလး ျဖစ္သြားေစပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*