ဘောလုံးကွင်းတစ်ခုလုံးငှားပြီး နေကြာပန်းတွေနဲ့ စပရိုက်လုပ်ခံလိုက်ရတဲ့ စမိုင်းလ်

နိုင်ငံကျော်အနုပညာရှင် မင်းသမီးချောတစ်လက်ဖြစ်တဲ့ စမိုင်းလ်ကတော့ မင်္ဂလာသက်တမ်း အနှစ် (၂၁) ပြည့်မှာ ခင်ပွန်းဖြစ်သူ လုပ်ပေးတဲ့ Surprise ကြောင့် ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သူတို့ ဇနီးမောင်နှံဟာ (၁၉၉၉) ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။သရုပ်ဆောင် စမိုင်းလ် နဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင် တို့ဟာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ မင်္ဂလာသက်တမ်း အနှစ် (၂၁) ပြည့်ပြီဖြစ်ပါတယ်။

မင်္ဂလာသက်တမ်း(၂၁)နှစ်ပြည့်မှာတော့ စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ဟာ Yangon United Sports Cpmplex(YUSC)ရဲ့ မြက်ခင်းတုကွင်းကြီးငှားကာ နေကြာပန်းတွေနဲက ခမ်းခမ်းနားနားအလှဆင်ကာ နိုင်ငံကျော် Rock Band တစ်ခုဖြစ်တဲ့ Idiots အဖွဲရဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ စပရိုက်အကြီးအကျယ် လုပ်ခဲ့တာလည်းဖြစ်ပါတယ်။

နိုင်ငံကျော်မင်းသမီးချော စမိုင်းလ်ကတော့ “ရူးနေပြီမောင်ရေ no more surprise pls” ဆိုပြီး Idiots အဖွဲရဲ့ ဖျော်ဖြေတင်ဆက်နေတဲ ပုံလေးသာရိုက်ပြီးသူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားကာ ပရိသတ်တွေကတော့ စမိုင်းလ်တို့ဇနီးမောင်နှံရဲ့ (၂၁)နှစ်ပြည့်မင်္ဂလာသက်တမ်းလေးကိုဂုဏ်ပြုစကားဆိုနေကြတာလည်းဖြစ်ပါတယ်။အိမ်ထောင်သက်(၂၁)နှစ်ပြည့်မှာ ဘောလုံးကွင်းတစ်ခုလုံးငှားပြီး နေကြာပန်းတွေနဲ့ စပရိုက်လုပ်ခံလိုက်ရတဲ့ အကြောင်းကိုတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ Live လွှင့်ခဲ့ပါတယ်။

ပရိသတ်ကြီးရေ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ခင်ပွန်းဖြစ်သူရဲ့ ဂရုတစိုက်နဲ့ ချစ်တဲ့အချစ်ကိုခံနေရတဲ့ စမိုင်းလ်ကတော့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ ကျရောက်တဲ့ မင်္ဂလာသက်တမ်း အနှစ် (၂၁) ပြည့်မှာ ဘောလုံးကွင်းတစ်ခုလုံးငှားပြီး နေကြာပန်းတွေနဲ့ စပရိုက်လုပ်ခံလိုက်ရတာနော်။

credit-cele gabar

ZAWGYI






credit-cele gabar

Be the first to comment

Leave a Reply

Your email address will not be published.


*