နိုင်ငံခြားမှာကျန်ခဲ့တဲ့ ချစ်သူဆီကနေ စပရိုက်လုပ်တာခံလိုက်ရတဲ့ အိမ့်ချစ်ရဲ့ ဗီဒီယိုဖိုင်လေး

အဆိုကောင်းပြီး ဖခင်ရဲ့ခြေရာအမှီလိုက်နိုင်တဲ့ အဆိုတော်မလေး အိမ့်ချစ်ကိုတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါနော်..။ လတ်တလောမှာ မိန်းကလေး ပရိသတ်တွေအားကျဖွယ်ကောင်းလောက်အောင် ချစ်သူဆီကနေ ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခြင်းကို ခံခဲ့ရတဲ့ ကံအကောင်းဆုံးအမျိုးသမီးလေးဆိုလည်း မှားမယ်မထင်ပါဘူး..။

အချစ်နဲ့ပတ်သက်ရင် အမြဲကံမကောင်းတတ်ဘူးလို့ညည်းတတ်တဲ့ အိမ့်ချစ်ကတော့ အခုလက်ရှိကောင်လေးဟာ သူမရဲ့ Right Personလေးဖြစ်တာကြောင့် သူ့ဘဝရဲ့ ပျော်ရွှင်မှုတွေကို ခံစားနေရတယ်လို့ ဆိုလာခဲ့ပါတယ်..။

ရုတ်တရက် သီချင်းဆိုနေတုန်း ပေးပို့ခံရတာကြောင့် ခံစားရတဲ့ ခံစားချက်လေးတွေကို “I really surprised koko ..အဝေးကြီးကနေတောင်ရအောင်စီစဉ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်..။ စင်ပေါ်မှာဆိုတော့ နဲနဲတော့ရှက်တာပေါ့ .။Whatever I Love You.. OneHundredRoses ..ValentinesDay ..EE” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်လာခဲ့ပါတယ်..။

ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ အိမ့်ချစ်က မိသားစုတွေနဲ့အတူ မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေပြီး ကောင်လေးကတော့ ကျန်ခဲ့တာပဲဖြစ်ပါတယ်..။ ဒီနေ့ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာတော့ နိုင်ငံခြားမှာ ကျန်ခဲ့တဲ့ ကောင်လေးကနေ အိမ့်ချစ်ဆီကို ချစ်သူများနေ့ လက်ဆောင်ကို သီချင်းဆိုနေချိန် စပရိုက်လုပ်ကာ ပေးပို့ခဲ့ပါတယ်.။

စင်ပေါ်မှာဆိုနေတုန်း ချစ်သူဆီကနေ ချောကလက်ခြင်းနဲ့ပန်းစည်းလေးကို ရရှိခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို သူမရဲ့ မိုင်ဒေးလေးမှာ တင်ထားခဲ့တာပါ..။ပရိသတ်ကြီးလည်း အားကျရအောင် ချစ်သူကောင်လေးဆီကနေ စပရိုက်ရရှိခဲ့တဲ့ အိမ့်ချစ်ရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source: Eint Chit’s Facebook,CRD-cele connections

ZAWGYI







Be the first to comment

Leave a Reply

Your email address will not be published.


*