ဟိုးအရင်တုန်းက ပိန်ဖူးပြီး အရမ်းချစ်စရာကောင်းနေတဲ့ ငယ်ပုံရိပ်လေးကိုထုတ်ပြလိုက်တဲ့ သဉ္ဇာနွယ်ဝင်း


Loading...



credit – myanmarload
Unicode

ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းက လုပ်ဆောင်ခဲ့ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်လို့ ပရိသတ်တွေက သတိထားမိလာပြီးအားပေးချစ်ခင်လာကြတာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းကတော့ အခုချိန်မှာဆိုရင် ပျော်ရွှင်စရာမိသားစုလေးကိုသာ အချိန်ပေးနေတာဖြစ်လို့ အနုပညာအလုပ်တွေကိုတော့ ရပ်နားထားတာဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းက သားလေးတစ်ယောက်ကိုမွေးဖွားထားပြီး နောက်ထပ်လည်းသမီးလေးကိုယ်ဝန်ကိုလွယ်ထားကာ ၁၁လပိုင်းထဲမှာဆိုရင်တော့ သမီးလေးကိုမွေးဖွားတော့မှာဖြစ်ပါတယ်။မေမေသဉ္ဇာနွယ်ဝင်းကတော့ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးမှာနေထိုင်ပြီး ချစ်ခင်ပွန်းရဲ့ ယုယကြင်နာမှုတွေကြောင့်လည်း အမြဲစိတ်ချမ်းသာနေရတာဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းက ဟိုးအရင်တုန်းကလည်း မျက်နှာဝိုင်းဝိုင်း၊ပိန်ပိန်သွယ်သွယ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းသလို အခုချိန်ထိလည်း သူမရဲ့အလှအပတွေက မယိုယွင်းသွားပါဘူးနော်။အခုဆိုရင်တော့ သဉ္ဇာနွယ်ဝင်းက သူမရဲ့ ဟိုးအရင်တုန်းကခန္ဓာကိုယ်လေးကို “ဪဒီလိုပိန်ဖူးတယ်ဆိုတာသက်သေပြတာပါ”ဆိုပြီး သူမရဲ့ဟိုးအရင်တုန်းကပုံလေးကို ပြန်လည်မျှဝေလာခဲ့ပါတယ်နော်။

Loading...