မြင်သူတိုင်းသွားရည်ကျသွားစေလောက်မယ့် ချောင်းသာကမ်းခြေထက်က မြင့်မြတ်တို့မိသားစုရဲ့ အာဟာရဒါန

သုံးယောက်အတူတူ ချောင်းသာကမ်းခြေကို အလည်အပတ်ရောက်ခဲ့ကြတဲ့ မြင့်မြတ်တို့ မိသားစုတွေကတော့ အာဟာရဒါနလေးတွေနဲ့ အားလုံးကိုပျော်ရွှင်အောင် ဖန်တီးပေးလိုက်ပါပြီ။ မြင်လိုက်တာနဲ့ သွားရည်ကျချင်စရာဟင်းတွေမို့ အားလုံးကလည်း ပြုံးပျော်နေကြပါ တယ်။ အိုးကြီးအိုးငယ် အသွယ်သွယ်နဲ့ ကိုယ်တိုင်ကိုယ်ကျ လှူတန်းနေပုံက တကယ့်ကိုပီတိဖြစ်ရပါတယ်။ သဘာဝမင်းသားဆိုတော့ လည်း ဘာဟန်ဆောင်မှုမှမရှိပဲ ပကတိရိုးရှင်းလွန်းတယ်နော်။

ကြည်နူးစရာမိသားစုလေးကို ပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့ ဖေဖေမြင့်မြတ်ကြောင့် အပြုံးတွေဝေဆာခဲ့ရတဲ့ မေမေခင်သူအောင်ဟာ လည်း မိခင်ကောင်းပီသပြီး အနေအေးတဲ့ ချစ်စရာအမျိုးသမီးလေးတစ်ယောက်ပါ။ အဖေတူသားလေးမြတ်သူကလည်း ဖေဖေနဲ့ မေမေတို့ရဲ့ငြိမ်းချမ်းနွေးထွေးတဲ့ အချစ်တွေအောက်မှာ အကောင်းမွန်ဆုံးနဲ့ အထူးချွန်ဆုံး ကြီးပြင်းလာခဲ့ပါတယ်။

မြင်သူတိုင်း သွားရည်ကျသွားစေလောက်မယ့် အလှူပုံရိပ်လေးတွေကို ” အားလုံးမင်္ဂလာပါ ခင်ဗျာ သရုပ်ဆောင်အကယ်ဒမီကိုမြင့်မြတ်+ မခင်သူအောင် သားမောင်မြတ်သူမိသားစုတို့မှ ချောင်းသာကမ်းခြေမှာ ကြက်အားလူး ဘဲဥချက် ခရမ်းငပိထောင်း အချိုရည်များဖြင့် အလှူဒါနပြုလုပ်ခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အရမ်းတွေစားချင်နေပြီနော်။

Source – Myat Wai Tun,CRD-Wow Myanmar





Be the first to comment

Leave a Reply

Your email address will not be published.


*