နတ်မိမယ်လေးလို လှနေတဲ့ ဆောင်းဟေကိုရဲ့ ပုံအသစ်လေးတွေ ထွက်ပေါ်လာ
ဆောင်းဟေကို ကတော့ အရမ်းကိုလှ လွန်းလို့ အာရှရဲ့ နတ်မိမယ်လေးလု့ိ တောင်တင်စားခံထားရသူပါ။ လှလည်း လှ နုလည်း နု တဲ့ မင်းသမီးလေးဖြစ်ပြီး တကယ့်ကို နတ်သမီးလေးတစ်မျှ နုပျိုလှပသူပါ ။မြန်မာပရိသတ်တွေ ကြားမှာတော့ အွန်စောဆိုပြီး လူသိများပါတယ် ။ဆောင်ဦးရွက်ကြွေ ချစ်သက်သေ ဇာတ်ကားထဲက အွန်စော ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု ရလာခဲ့တာ ဒီနေ့ အထိပါ။ ပရိသတ်အချစ်တော်လေး ဆောင်းဟေကိုရဲ့ ကြော်ငြာ ဓါတ်ပုံ အသစ်လေး တွေ ထွက်လာခဲ့ပါတယ်။
ပုံလေးတွေကတော့ ဖိနပ် Brand Suecomma Bonnie အတွက် ရိုက်ပေးထားတဲ့ ပုံလေးတွေပါ ။ဆောင်း ဟေကိုကတော့ လက်တလောမှာ အဲ့ဒီ Suecomma Bonnie Brand နဲ့ လက်တွဲနေပြီး ကြော်ငြာ ဓါတ်ပုံတွေကိုလည်း ဆက်တိုက်ရိုက်ကူး ပေးနေပါတယ်။ဆောင်းဟေကိုကိုတော့ November 22, 1981 မှာ မေးဖွားခဲ့တာပါ။ သူမရဲ့ အသက်ကတော့ အခုဆိုရင် (၃၈)နှစ်ရှိနေပါပြီ။ (40)နားကို တဖြည်းဖြည်း နီးလာ ပေမယ့် တစ်နေ့ ထက် တစ်နေ့ ပိုပိုပြီး လှ လာတဲ့ Kyo ပါ။
ပြီးခဲ့တဲ့ (၂၀၁၉)မှာတော့ သူမရဲ့ အိမ်ထောင်ရေးမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။နောက်ဆုံးမှာတော့ အိမ် ထောင်ရေးက လုံး၀ ပြိုကွဲ ခဲ့ရပါတယ်။ အိမ် ထောင်ရေးမှာ ပြဿနာ ပေါ် နေတဲ့ အချိန် မှာ လည်း အလုပ်ေ တွ ကို မနားပဲ ဆက်တိုက်ပွဲတွေ တက် အလုပ်လုပ်နေခဲ့တာကို တွေ့ရပါတယ်။ကွာရှင်းပြီးနောက်ပိုင်းမှာတော့ သူမရဲ့ ဖက်ရှင် နဲ့ Style တွေ အကုန်လုံးကို လုံး၀ ပြောင်းလဲ ပစ်ခဲ့ပါတယ်။ အရင် Kyo နဲ့ လုံး၀ မတူတော့ပဲ အသစ်တစ်ဖန် ပုံစံသစ် Style သစ်နဲ့ လုံး၀ ကို ပြောင်းပစ်ခဲ့တာပါ။ ပတ်ဘိုဂန်နဲ့ အတူEncounter ဆိုတဲ့ ဒရမ်မာဇာတ်ကားသစ်ရိုက်ကူးပြီးနောက်ပိုင်းမှာတော့ ကားသစ်မရိုက်တာ တော်တော်ကြာခဲ့ပါပြီ။
မကွာရှင်းခင်တုန်းက တော့ သူမကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတာရှိပေမယ့် နောက်ပိုင်း အိမ် ထောင်ရေး ပြဿနာ ပေါ်လာချိန်မှာ တော့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ သူမရဲ့ အေဂျင်စီ ဘက်ကတော့ ကမ်းလှမ်း ချက်ကို ငြင်းပယ်တာဟာ အိမ်ထောင်ရေးပြဿနာနဲ့ မသက်ဆိုင်ဘူးလို့ ပြောခဲ့ပါတယ်။သူမရဲ့ ခင်ပွန်း ဟောင်း ဆောင်ဂျွန်ကီ ကတော့ ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးနေပါတယ်။ ပရိသတ်တွေ ကတော့ ဆောင်းဟေကိုရဲ့ နောက်ထပ် ဒရမ်မာကားသစ်ကို အမြန်ဆုံး ကြည့်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
Source:IG/Suecomma Bonnie,CRD-Auntymay
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*