ဘာအခက္အခဲမွ မရွိရင္ ဘာရင့္က်က္မႈမွ မရွိႏိုင္

လူတိုင္းမွာ အခက္အခဲဆိုတာ ႀကဳံဖူးၾကမွာပါပဲ… အဲ့ဒီလိုအခက္အခဲေတြ ႀကဳံတဲ့အခ်ိန္မွာ စိတ္ဓာတ္ခြန္းအား ျဖစ္ေစရန္ ရည္႐ြယ္ၿပီး… ဓမၼဒါနအေနျဖင့္ မွ်ေဝလိုက္ျခင္းျဖစ္ပါသည္။ ဘာအခက္အခဲမွ မရွိရင္ ဘာရင့္က်က္မႈမွ မရွိႏိုင္…….လူတိုင္းမွာစိတ္ေကာင္းရွိပါတယ္။ တစ္ခါတစ္ေလ ဆိုးတဲ့စိတ္လည္း ျဖစ္ပါတယ္ ေနာ္။ သို႔ေသာ္ စိတ္ေကာင္းေလးကေတာ့လူတိုင္းမွာ ရွိပါတယ္။ အဲ့ဒါေလးကို ေမ့မထားဖို႔ အေရးႀကီးတယ္။ အားလုံးသေဘာထားႀကီးႀကီး စိတ္ထားေကာင္း ေကာင္းနဲ႔ဆက္ဆံရင္ အခက္အခဲေတြ ပိုၿပီးအဆင္ေျပသြားမယ္။ အခက္အခဲေတြ ပိုၿပီးအဆင္ေျပသြားမယ္ ဆိုတဲ့စကားကိုပဲ တစ္ခါျပန္စဥ္းစားၾကည့္ရင္ အခက္အခဲ ေတြရွိေနလို႔ဆိုတဲ့ အဓိပၸာယ္လည္းပါသြားၿပီ။ ဘဝမွာအခက္အခဲေတြမရွိရင္ ေကာင္းမလားလို႔ေမးရင္ေကာအမွတ္တမဲ့ ေတြးၾကည့္ရင္ ဘဝမွာဘာအခက္အခဲမွ မရွိရင္သိပ္ေကာင္းမွာပဲလို႔ ေတြးၾကမွာပဲ။ တစ္ခ်ိဳ႕ ဆိုရင္ဆုေတာင္းထဲမွာထည့္ေတာင္းေလ့ရွိတယ္။ “ လိုတရတဲ့ဘဝမ်ိဳး ျဖစ္ရပါလို၏။ ” အဲ့သလိုမ်ိဳးျဖစ္ေနတာ ဘယ္ႏွစ္ေယာက္မ်ားရွိမလဲ။ မရွိပါဘူးေနာ္။

Loading...

အခက္အခဲဆိုတာ…ဘဝရဲ႕ သဘာဝပါပဲ။ ရွိေနမွာပဲ။ ဘုန္းႀကီးလည္းငယ္ငယ္တုန္းက အခက္အခဲေတြအမ်ိဳးမ်ိဳးကို ရင္ဆိုင္ခဲ့ရတဲ့အခါမွာ တစ္ခါတစ္ေလ ကိုယ္မတတ္ႏိုင္ေတာ့တဲ့ အဆင့္မ်ိဳးကို ေရာက္ဖူးပါတယ္။ အဲ့သလိုမ်ိဳးမွာ ေတာင့္တမိတယ္။အခက္အခဲမရွိတဲ့ ဘဝမ်ိဳးေနရမယ္ဆိုရင္ သိပ္ေကာင္းမွာပဲ။ သို႔ေသာ္ တျဖည္းျဖည္း လူ႔ဘဝရဲ႕သဘာဝကို ပိုၿပီးေတာ့ သေဘာေပါက္အခါမွာ တျဖည္းျဖည္း အခက္အခဲရဲ႕သဘာဝကိုလည္း ပိုၿပီးသေဘာေပါက္ လာတယ္။ အဲ့ဒီအခါမွာ အခက္အခဲမရွိတာမေကာင္းပါလားဆိုတာ သိလာတယ္။ ေတြ႕ႀကဳံလာရတဲ့ အခက္အခဲကို သတိနဲ႔ ဉာဏ္နဲ႔ သေဘာထားႀကီးႀကီးနဲ႔ ေျဖရွင္းႏိုင္တဲ့အရည္အခ်င္းရွိဖို႔ပဲ လိုပါတယ္ လို႔သေဘာေပါက္လာတယ္။ ဒါေၾကာင့္ ဘဝမွာေတြ႕ရမယ့္ အခက္အခဲေတြကို နက္နက္နဲနဲနားလည္ခ်င္တယ္။ ေျဖရွင္းနည္းေတြကိုလည္း နားလည္ခ်င္တယ္။ အဲ့သလို နားလည္ခ်င္လာတဲ့ စိတ္ဆႏၵ ျပင္းျပလာလို႔ဘဝအေၾကာင္း၊ လူေတြေတြ႕ရတဲ့ အခက္အခဲေတြ အေၾကာင္းကို စိတ္ပါလက္ပါေလ့လာလာတယ္။ အခုလည္းေလ့လာေနတုန္းပါပဲ။

ကိုယ့္အခက္အခဲေတြကို နားလည္႐ုံမဟုတ္ေတာ့ဘဲ လူေတြအားလုံးရဲ႕ အခက္အခဲေတြကိုပါ နားလည္ႏိုင္ေအာင္ေလ့လာလာတယ္။အခုေတာ့ အခက္ အခဲေတြကို နားလည္ႏိုင္တာကိုပဲ ေက်နပ္လာတယ္။ အခက္အခဲေတြကို သဘာဝက်က် ေျဖရွင္းႏိုင္တာကိုေက်နပ္လာတယ္။ ဒကာ ဒကာမေတြရဲ႕ ဘဝအခက္အခဲေတြကို နားလည္ေပးရတာကို အေရးပါတဲ့ တန္ဖိုးရွိတဲ့ အလုပ္လို႔ ျမင္လာတယ္။ အထူးသျဖင့္ လူငယ္ေတြရဲ႕ ဘဝအခက္အခဲေတြကို ပိုၿပီးေလ့လာပါတယ္။ လူမႈေရး အခက္အခဲေတြကိုပိုၿပီးစိတ္ဝင္စားပါတယ္။ ဘာအခက္အခဲမွ မရွိတဲ့ဘဝကိုေနမွာေနတဲ့သူဟာ ဘာရင့္က်က္မႈမွ မရွိႏိုင္ပါဘူး။ အခက္အခဲေတြရင္ဆိုင္ေနရလို႔ စိတ္မခ်မ္းမသာ ျဖစ္ေနၾကတဲ့လူမ်ားအားလုံး အခက္အခဲမ်ားကို အေကာင္းဆုံးနည္းျဖင့္ လြယ္ကူမွန္ကန္စြာေျဖရွင္းႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit#
unicode

လူတိုင်းမှာ အခက်အခဲဆိုတာ ကြုံဖူးကြမှာပါပဲ… အဲ့ဒီလိုအခက်အခဲတွေ ကြုံတဲ့အချိန်မှာ စိတ်ဓာတ်ခွန်းအား ဖြစ်စေရန် ရည်ရွယ်ပြီး… ဓမ္မဒါနအနေဖြင့် မျှဝေလိုက်ခြင်းဖြစ်ပါသည်။ ဘာအခက်အခဲမှ မရှိရင် ဘာရင့်ကျက်မှုမှ မရှိနိုင်…….လူတိုင်းမှာစိတ်ကောင်းရှိပါတယ်။ တစ်ခါတစ်လေ ဆိုးတဲ့စိတ်လည်း ဖြစ်ပါတယ် နော်။ သို့သော် စိတ်ကောင်းလေးကတော့လူတိုင်းမှာ ရှိပါတယ်။ အဲ့ဒါလေးကို မေ့မထားဖို့ အရေးကြီးတယ်။ အားလုံးသဘောထားကြီးကြီး စိတ်ထားကောင်း ကောင်းနဲ့ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးအဆင်ပြေသွားမယ်။ အခက်အခဲတွေ ပိုပြီးအဆင်ပြေသွားမယ် ဆိုတဲ့စကားကိုပဲ တစ်ခါပြန်စဉ်းစားကြည့်ရင် အခက်အခဲ တွေရှိနေလို့ဆိုတဲ့ အဓိပ္ပာယ်လည်းပါသွားပြီ။ ဘဝမှာအခက်အခဲတွေမရှိရင် ကောင်းမလားလို့မေးရင်ကောအမှတ်တမဲ့ တွေးကြည့်ရင် ဘဝမှာဘာအခက်အခဲမှ မရှိရင်သိပ်ကောင်းမှာပဲလို့ တွေးကြမှာပဲ။ တစ်ချို့ ဆိုရင်ဆုတောင်းထဲမှာထည့်တောင်းလေ့ရှိတယ်။ “ လိုတရတဲ့ဘဝမျိုး ဖြစ်ရပါလို၏။ ” အဲ့သလိုမျိုးဖြစ်နေတာ ဘယ်နှစ်ယောက်များရှိမလဲ။ မရှိပါဘူးနော်။

အခက်အခဲဆိုတာ…ဘဝရဲ့ သဘာဝပါပဲ။ ရှိနေမှာပဲ။ ဘုန်းကြီးလည်းငယ်ငယ်တုန်းက အခက်အခဲတွေအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတဲ့အခါမှာ တစ်ခါတစ်လေ ကိုယ်မတတ်နိုင်တော့တဲ့ အဆင့်မျိုးကို ရောက်ဖူးပါတယ်။ အဲ့သလိုမျိုးမှာ တောင့်တမိတယ်။အခက်အခဲမရှိတဲ့ ဘဝမျိုးနေရမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ သို့သော် တဖြည်းဖြည်း လူ့ဘဝရဲ့သဘာဝကို ပိုပြီးတော့ သဘောပေါက်အခါမှာ တဖြည်းဖြည်း အခက်အခဲရဲ့သဘာဝကိုလည်း ပိုပြီးသဘောပေါက် လာတယ်။ အဲ့ဒီအခါမှာ အခက်အခဲမရှိတာမကောင်းပါလားဆိုတာ သိလာတယ်။ တွေ့ကြုံလာရတဲ့ အခက်အခဲကို သတိနဲ့ ဉာဏ်နဲ့ သဘောထားကြီးကြီးနဲ့ ဖြေရှင်းနိုင်တဲ့အရည်အချင်းရှိဖို့ပဲ လိုပါတယ် လို့သဘောပေါက်လာတယ်။ ဒါကြောင့် ဘဝမှာတွေ့ရမယ့် အခက်အခဲတွေကို နက်နက်နဲနဲနားလည်ချင်တယ်။ ဖြေရှင်းနည်းတွေကိုလည်း နားလည်ချင်တယ်။ အဲ့သလို နားလည်ချင်လာတဲ့ စိတ်ဆန္ဒ ပြင်းပြလာလို့ဘဝအကြောင်း၊ လူတွေတွေ့ရတဲ့ အခက်အခဲတွေ အကြောင်းကို စိတ်ပါလက်ပါလေ့လာလာတယ်။ အခုလည်းလေ့လာနေတုန်းပါပဲ။

ကိုယ့်အခက်အခဲတွေကို နားလည်ရုံမဟုတ်တော့ဘဲ လူတွေအားလုံးရဲ့ အခက်အခဲတွေကိုပါ နားလည်နိုင်အောင်လေ့လာလာတယ်။အခုတော့ အခက် အခဲတွေကို နားလည်နိုင်တာကိုပဲ ကျေနပ်လာတယ်။ အခက်အခဲတွေကို သဘာဝကျကျ ဖြေရှင်းနိုင်တာကိုကျေနပ်လာတယ်။ ဒကာ ဒကာမတွေရဲ့ ဘဝအခက်အခဲတွေကို နားလည်ပေးရတာကို အရေးပါတဲ့ တန်ဖိုးရှိတဲ့ အလုပ်လို့ မြင်လာတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ ဘဝအခက်အခဲတွေကို ပိုပြီးလေ့လာပါတယ်။ လူမှုရေး အခက်အခဲတွေကိုပိုပြီးစိတ်ဝင်စားပါတယ်။ ဘာအခက်အခဲမှ မရှိတဲ့ဘဝကိုနေမှာနေတဲ့သူဟာ ဘာရင့်ကျက်မှုမှ မရှိနိုင်ပါဘူး။ အခက်အခဲတွေရင်ဆိုင်နေရလို့ စိတ်မချမ်းမသာ ဖြစ်နေကြတဲ့လူများအားလုံး အခက်အခဲများကို အကောင်းဆုံးနည်းဖြင့် လွယ်ကူမှန်ကန်စွာဖြေရှင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit#

Loading...