“မိန်းကလေးချင်းကြိုက်နေသူတစ်ယောက်အဖြစ် ရဲရဲဝင့်ဝင့်ချပြလိုက်တဲ့ ထက်အဉ္ဇလီ”

ယှဉ်ပြိုင်မှုပြင်းထန်တဲ့မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ ဆန်ခါတင်(၁၁)ယောက်စာရင်းဝင်ပြီး ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ခဲ့သူကတော့ ထက်အဉ္ဇလီပဲဖြစ်ပါတယ်။ပြိုင်ပွဲစဉ်တစ်လျှောက်လုံးမှာ တက်ကြွလန်းဆန်းတဲ့ Performance တွေနဲ့ယှဉ်ပြိုင်ခဲ့တဲ့အပြင် ငယ်စဉ်ကတည်းက ကွဲကွာခဲ့တဲ့ဖခင်ဖြစ်သူနဲ့လည်း ပြိုင်ပွဲစဉ်အတွင်းမှာပြန်လည်ဆုံတွေ့ခဲ့ပြီး ပရိသတ်တွေကိုဝမ်းသာပျော်ရွှင်စေခဲ့သူပါ။

ထက်အဉ္ဇလီကတော့ ကယားသွေးနှောတဲ့ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့အပြင် ငယ်စဉ်ကတည်းကမိဘတွေနဲ့အတူမနေခဲ့ရဘဲ အဘွားဖြစ်သူနဲ့အတူ ဘဝကိုရုန်းကန်ခဲ့ရသူဖြစ်တာကြောင့် စိတ်ဓာတ်မာကြောပြီး ဆုံးဖြတ်ချက်ခိုင်မာသူတစ်ယောက်လည်းဖြစ်ပါတယ်။ပြိုင်ပွဲကြီးပြီးကတည်းက ဖျော်ဖြေပွဲတွေဆက်တိုက်သွားရောက်သီဆိုနေရသူ ထက်အဉ္ဇလီကတော့ ဒီနေ့ ချစ်သူများနေ့လေးမှာ သူချစ်ရတဲ့ချစ်သူကောင်မလေးနဲ့ရိုက်ကူးထားတဲ့ ပုံလေးတွေကို ပရိသတ်တွေကိုချပြလိုက်တာပဲဖြစ်ပါတယ်။

“အေးဆေးဘဲ.. ဘာကြည့်နေတာလဲ.. အားကျမခံ အခုပဲ Mention ခေါ်ပြီး ကိုယ့်အချင်းချင်းပဲ Ship လိုက်တော့လေ.. Happy Valentine’s Day” ဆိုတဲ့စာသားလေးနဲ့အတူ ရိုမန့်တစ်ဆန်ဆန်ရိုက်ကူးထားတဲ့ပုံလေးတွေနဲ့အတူ မျှဝေပေးခဲ့တာပါ။ပရိသတ်ကြီးရေ ထက်အဉ္ဇလီကတော့ သူ့ရဲ့အချစ်ရေးကိုချပြထားခြင်းမရှိသေးဘဲ ဒီနေ့မှာတော့ မိန်းကလေးချင်းကြိုက်တဲ့သူတစ်ယောက်ဖြစ်ကြောင်း ပုံလေးတွေနဲ့ချပြလိုက်တာလား.. တမင်စနောက်နေတာလားဆိုတာတော့ စဉ်းစားစရာပါပဲနော်။

Source – Htet Inzali,CRD-Cele gabar

Zawgyi

“မိန္းကေလးခ်င္းႀကိဳက္ေနသူတစ္ေယာက္အျဖစ္ ရဲရဲဝင့္ဝင့္ခ်ျပလိုက္တဲ့ ထက္အၪၨလီ”

ယွဥ္ၿပိဳင္မႈျပင္းထန္တဲ့ျမန္မာအိုင္ေဒါၿပိဳင္ပြဲႀကီးရဲ႕ ဆန္ခါတင္(၁၁)ေယာက္စာရင္းဝင္ၿပီး ပရိသတ္ရဲ႕အခ်စ္ကိုသိမ္းပိုက္ခဲ့သူကေတာ့ ထက္အၪၨလီပဲျဖစ္ပါတယ္။ၿပိဳင္ပြဲစဥ္တစ္ေလွ်ာက္လုံးမွာ တက္ႂကြလန္းဆန္းတဲ့ Performance ေတြနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့အျပင္ ငယ္စဥ္ကတည္းက ကြဲကြာခဲ့တဲ့ဖခင္ျဖစ္သူနဲ႔လည္း ၿပိဳင္ပြဲစဥ္အတြင္းမွာျပန္လည္ဆုံေတြ႕ခဲ့ၿပီး ပရိသတ္ေတြကိုဝမ္းသာေပ်ာ္႐ႊင္ေစခဲ့သူပါ။

ထက္အၪၨလီကေတာ့ ကယားေသြးေႏွာတဲ့ တိုင္းရင္းသူေလးတစ္ေယာက္ျဖစ္တဲ့အျပင္ ငယ္စဥ္ကတည္းကမိဘေတြနဲ႔အတူမေနခဲ့ရဘဲ အဘြားျဖစ္သူနဲ႔အတူ ဘဝကို႐ုန္းကန္ခဲ့ရသူျဖစ္တာေၾကာင့္ စိတ္ဓာတ္မာေၾကာၿပီး ဆုံးျဖတ္ခ်က္ခိုင္မာသူတစ္ေယာက္လည္းျဖစ္ပါတယ္။ၿပိဳင္ပြဲႀကီးၿပီးကတည္းက ေဖ်ာ္ေျဖပြဲေတြဆက္တိုက္သြားေရာက္သီဆိုေနရသူ ထက္အၪၨလီကေတာ့ ဒီေန႔ ခ်စ္သူမ်ားေန႔ေလးမွာ သူခ်စ္ရတဲ့ခ်စ္သူေကာင္မေလးနဲ႔႐ိုက္ကူးထားတဲ့ ပုံေလးေတြကို ပရိသတ္ေတြကိုခ်ျပလိုက္တာပဲျဖစ္ပါတယ္။

“ေအးေဆးဘဲ.. ဘာၾကည့္ေနတာလဲ.. အားက်မခံ အခုပဲ Mention ေခၚၿပီး ကိုယ့္အခ်င္းခ်င္းပဲ Ship လိုက္ေတာ့ေလ.. Happy Valentine’s Day” ဆိုတဲ့စာသားေလးနဲ႔အတူ ႐ိုမန႔္တစ္ဆန္ဆန္႐ိုက္ကူးထားတဲ့ပုံေလးေတြနဲ႔အတူ မွ်ေဝေပးခဲ့တာပါ။ပရိသတ္ႀကီးေရ ထက္အၪၨလီကေတာ့ သူ႔ရဲ႕အခ်စ္ေရးကိုခ်ျပထားျခင္းမရွိေသးဘဲ ဒီေန႔မွာေတာ့ မိန္းကေလးခ်င္းႀကိဳက္တဲ့သူတစ္ေယာက္ျဖစ္ေၾကာင္း ပုံေလးေတြနဲ႔ခ်ျပလိုက္တာလား.. တမင္စေနာက္ေနတာလားဆိုတာေတာ့ စဥ္းစားစရာပါပဲေနာ္။