” အဝတ်အစားတွေကို တန်ဖိုးရှိအောင်အသုံးချတတ်ဖို့ တိုက်တွန်းလိုက်တဲ့ ရွှေကစ်လေး “

သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ယောက်ျားလေးပရိသတ်တွေသာမက လူကြီးလူငယ်မရွေးနှစ်သက်အားပေးခြင်းခံရတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပါတယ်။သူမရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကြောင့် (၂၀၁၃)ခုနစ်မှာ” နင်စေရင်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး (၂၀၁၄)ခုနစ်မှာလည်း “နှလုံးသားဖြင့်ပြုလုပ်သည် ” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆုကိုလည်း ထပ်မံ သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကို ကိုရီးယားမင်းသားလေးနဲ့တွဲဖက်ပြီး ချင်းပြည်နယ်မှာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

Loading...

ကိုရီးယားမင်းသမီးတွေလို လှပပြီးချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စဖွယ်အမူအရာလေးတွေကြောင့် ချစ်စနိုးနဲ့”ရွှေကစ်” ဆိုပြီး တင်စားခေါ်ဝေါ်ခံရတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ရွှေကစ်လေးကတော့ တောင်ကိုရီးယားနိုင်ငံ၊ Seoul မြို့ Olympic Hall မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Model Award ဆုပေးပွဲ အခမ်းအနားကြီးကို ဖိတ်ကြားခဲ့ရပြီး Asia Special Awardဆုကြီးကိုလည်း ရရှိခဲ့ပါတယ်။ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ ” ဒဏ္ဍာရီမိုး “ရုပ်ရှင်ဇာတ်ကားမှာလည်း ရွှေကစ်ရဲ့ သရုပ်ဆောင်ချက်တွေဟာလည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့တာပဲ ဖြစ်ပါတယ်။မကြာသေးမီကလည်း ရွှေကစ်ဟာ ပုဂံကို အပန်းဖြေခရီးထွက်ကာ အမိုက်စားအလှပုံရိပ်တွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ထို့ပြင် ရွှေကစ်ပါဝင်ထားတဲ့ ” ခရေ “ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသနေပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ကြော်ငြာတွေရိုက်ကူးနေတာဖြစ်ပြီး အလှပုံရိပ်လေးတွေကိုလည်း သူမကိုချစ်တဲ့ပရိသတ်တွေအတွက် ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး ပရိသတ်တွေကို အကျိုးရှိစေမယ့် အသိပညာလေးတွေကို ဝေမျှပေးတတ်တဲ့ ရွှေကစ်ကတော့ ” ကစ်တို့ဝတ်နေတဲ့ အင်္ကျီတွေ အဝတ်အစားတွေ ဖြစ်လာဖို့ ၀ါဂွမ်းကနေစပီိးတော့ အရင်းအမြစ်တွေအများကြီး အဆင့်ဆင့် သုံးစွဲရတယ်တဲ့။ ကစ်အတွက်မ၀တ်ဖြစ်တာလေးတွေတော့ အလေအလွင့်မဖြစ်ရအောင် ကစ်လှူဖြစ်တယ်။ ကစ် KFC လေးတွေရောဘယ်လိုတွေ လုပ်ကြလဲ ” ဆိုကာ မေးခွန်းထုတ်လိုက်တာပဲ ဖြစ်ပြီး အလှူလေး လှူဖြစ်အောင် တိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ရွှေကစ်လေးလို တန်ဖိုးရှိတဲ့ အလှူလေးတွေလုပ်ဖြစ်လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source :Wutt Hmone Shwe Yi
Shwe Poe credit-cele gabar

Loading...