“သရဲခြောက်ခံရတဲ့ အတွေ့အကြုံကို ပြောပြလာတဲ့ ညီထွဋ်ခေါင်”

“အထက်တန်းစား”ရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ညီထွဋ်ခေါင်ကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ပါ။ ညီထွဋ်ခေါင်ဟာ “အထက်တန်းစား”ရုပ်ရှင်ဇာတ်ကားမှာတော့ မိန်းမလျာတစ်ယောက်နေရာကနေ ဇာတ်လမ်းဇာတ်အိမ်ကို ပီပြင်အောင်သရုပ်ဆောင်ထားတာဖြစ်ပြီး နိုင်ငံကျော်သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ မြတ်ကေသီအောင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်လည်း ရုံပြည့်ရုံလျှံဖြစ်တဲ့ အထိ ပရိသတ်အားပေးကြမ်းတာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Loading...

လက်ရှိမှာလည်း ညီထွဋ်ခေါင်က “အခြားမဲ့၌” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ နေဒွေး၊ မင်းသူ၊ညီနန၊္ဒ ဒွေးရဲ့ သမီးလေးဖြစ်တဲ့ ဆည်းလည်းတို့နဲ့အတူပါဝင်ပုံဖော်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲလေးက ပရိသတ်တွေ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးဖြစ်ပြီးတော့ ဒီ”အခြားမဲ့၌” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးနဲ့ ပတ်သက်ပြီးတော့ ပရလောကသားတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်ဆိုတာကို ဖွင့်ဟပြောပြခဲ့တာဖြစ်ပါတယ်။


ပရလောကသားတွေကို ကံနိမ့်တဲ့သူတွေသာမြင်တွေ့နိုင်တာဖြစ်ပြီးတော့ သိပ္ပံနည်းအရပြောရရင်တော့ ကိုယ်ခံအားကျဆင်းတဲ့ သူတွေပဲမြင်ရတာပါ။ ညီထွဋ်ခေါင်တစ်ယောက် ကံနိမ့်ပြီး ကိုယ်ခံအားကျဆင်းတဲ့ အချိန်ကို ရောက်သွားတာကြောင့် ပရလောကသားတွေမြင်တွေ့ရတာဖြစ်ပါတယ်။ ခုလိုမြင်တွေ့ခဲ့ရတယ်ဆိုတာကို” နယ်ဘက်ကို သွားတုန်းက ၀တ်စုံဖြူဝတ်ပြီး ဆံပင်ရှည်ကြီးနဲ့ ကိုယ့်ကို လက်ပြတာမျိုးမြင်ရတော့ ပြေးတာနောက်ကိုလှည့်မကြည့်ဘဲနဲ့ကိုပြေးတာ။ အဲထဲကညဘက်ဆို အရမ်းကြောက်လို့ တစ်ယောက်ထဲဘယ်မှမသွားတော့ဘူး။”လို့ သူသရဲကြောက်တဲ့အကြောင်းကို ညီထွဋ်ခေါင်တစ်ယောက်ဖွင့်ဟ၀န်ခံလိုက်တာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သရဲကြောက်လို့ နောက်ကိုတောင် လှည့်မကြည့်နိုင်ဘဲ ပြေးခဲ့ရတဲ့ ညီထွဋ်ခေါင်အတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦး…….။

credit – celegabar

Loading...