” ပုံတူပန်းချီလှလှလေးကို လက်ဆောင်ရရှိခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ မမမြ “

မြနှင်းရည်လွင်ကတော့ လတ်တလောမှာ MRTV-(4) ပြသခဲ့တဲ့ ” ငွေစက္ကူ(၇)ရွက် ” ဇာတ်လမ်းတွဲမှာ “ဝေနှင်းဖြူ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေမြင်နေကျ ကာရိုက်တာနဲ့မတူအောင် ကွဲထွက်နေတဲ့ ဇာတ်ရုပ်ဆန်းဆန်းလေးနဲ့ သရုပ်ဆောင်ထားတာဖြစ်ပေမယ့် ကာရိုက်တာဆန်းဆန်းလေးကို ပရိသတ်တွေကပါ စီးမျှောပြီး ချစ်စနိုးနဲ့ ” ဝေနှင်းဖြူ ” လို့တောင် ခေါ်ဝေါ်နေကြပြီပဲ ဖြစ်ပါတယ်။

Loading...

နောက်ထပ်ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားစေတာကတော့ သူမရဲ့ နန်းဆန်တဲ့ ဟန်ပန်နဲ့ မြန်မာဆန်တဲ့အလှပုံရိပ်များဟာ အမေစုရဲ့ ငယ်ဘဝနဲ့ တူတယ်လို့ မှတ်ချက်ပေးပြီး ပရိသတ်တွေက မမမြလို့ ချစ်စနိုးနဲ့ခေါ်ဆိုနေတာပဲ ဖြစ်ပါတယ်။အခုဆိုရင် မာနမရှိပွင့်လင်းတဲ့အချက်တွေကြောင့် ပရိသတ်အခိုင်အမာရရှိလာတဲ့အပြင် ပရိသတ်တွေနဲ့လည်း တွေ့ဆုံကာ Fan Meeting ပွဲလေး လုပ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာလည်း “မြင့်မိုရ်ဝှက်တဲ့ပုစ္ဆာ “ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ထို့ပြင် မမမြကတော့ သူမရဲ့ပရိသတ်တစ်ယောက်ရဲ့လက်ဆောင်ကြောင့် အရမ်းကိုပျော်ရွှင်နေတာဖြစ်ကြောင်းကို ” ဒီနေ့ရှူတင်ကိုပုံတူပန်းချီကားလက်ဆောင်နဲ့ မုန့် တွေလာပေးလို့ကျေးဇူးပါ မုန့်ကတော့အရင်စားလိုက်လို့မရိုက်လိုက်ရဘူး ” ဆိုကာ ပုံတူပန်းချီပုံတူ လှလှလေးနဲ့အတူ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း မြနှင်းရည်လွင်ကို သဘောကျအားပေးရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

credit – celegabar

Loading...