အိန္ဒိယကစားသမား Samiya Imad Farooquiကို ကွာတားဖိုင်နယ်မှာ အနိုင်ယူနိုင်ခဲ့တဲ့ မြန်မာလက်ရွေးစင် သက်ထားသူဇာ


Loading...



credit-myanmarload
unicode

ယနေ့ နေ့လည် ၁:၄၀ တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ Myanmar International Series 2019 ကြက်တောင်ရိုက်ပြိုင်ပွဲမှာ အိန္ဒိယကစားသမား Samiya Imad Farooqui နဲ့ မြန်မာလက်ရွေးစင်ကစားသမား သက်ထားသူဇာတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာဂုဏ်ဆောင်ကစားသမား ဖြစ်တဲ့ သက်ထားသူဇာတစ်ယောက် နဲ့ အနိုင်ရရှိခဲ့ပါတယ်။

သက်ထားသူဇာက အိန္ဒိယကစားသမား Samiya Imad Farooquiကို သုံးပွဲကစားပြီး နှစ်ပွဲနိုင်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ မြန်မာလက်ရွေးစင်ကစားသမားသက်ထားသူဇာက လက်ရှိမှာ ကမ္ဘာ့အဆင့်( ၇၃ )မှာ ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပြီး သက်ထားသူဇာကတော့ မနေ့က ထိုင်းကစားသမားကို အနိုင်ယူပြီး ကွားတားဖိုင်နယ်ကို တတ်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

သက်ထားသူဇာဟာ မနေ့တုန်းကလဲ ထိုင်းကစားသမားSaranporn PORNPATTANAMONGKOL ကို (21:10) (21:14) တို့ဖြင့်နှစ်ပွဲဆက် အနိုင်ယူပြီး အဖွင့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သက်ထားသူဇာကတော့ ဒိန်းမတ်နိုင်ငံ မှာ (၂) လ အကြာ သွားရောက်လေ့ကျင့်ခဲ့တာပဲ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ (၆) ရက်နေ့က ရန်ကုန်ကိုပြန်လည် ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Loading...