“ညဥ့်နက်တဲ့အထိ လိုင်းသုံးနေတဲ့ပရိသတ်ကြီးကို ကြောက်အောင်ခြောက်လိုက်တဲ့ မအေးသောင်း”

မအေးသောင်းလို့ ပရိသတ်တွေကချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ အပျိုကြီးမမ အေးဝတ်ရည်သောင်းဟာ ပုရိသတွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။အသက် (၁၂)နှစ်လောက်ကတည်းက မော်ဒယ်မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ၀င်ရောက်လာတဲ့ သူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါသေးတယ်။

Loading...

လက်ရှိမှာတော့ သူမဟာ အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်လာပြီး ပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ “မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီး မှာတင် သူမရဲ့ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဖြူစင်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းကတော့ လူမှုအကျိုးပြုလုပ်ငန်းတွေကို အားတက်သရောနဲ့ ပါဝင်လုပ်ကိုင်နေတက်တဲ့ သူတွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။

မအေးသောင်းကတော့ မကြာသေးမှီကမှ မော်ဒိုက်ကမ်းခြေကို အပန်းဖြေခရီးထွက်ခဲ့ပြီး လက်ရှိမှာတော့ ခရီးမှပြန်ရောက်လာကာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ငန်းနေပါတယ်။သူမကတော့ ညလုံးပေါက်ရိုက်ကူးနေတဲ့ ရိုက်ကူးရေးတစ်ခုမှာ ညဥ့်နက်တဲ့အထိ လိုင်းသုံးနေတဲ့ ပရိသတ်တွေကို ကြောက်စရာကောင်းအောင် ခြောက်ပြလိုက်တဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။

credit – celegabar

Loading...