တစ်ယောက်တစ်မျိုးစီ ဖက်ရှင်ကျတဲ့ သူမတို့ မိသားစုရဲ့ပွဲတက်ပုံရိပ်တွေကို ဝေမျှလိုက်တဲ့ ပန်းရောင်ခြယ်

ရှည်လျားတဲ့ ဆံကေသာနဲ့ နူးညံလွန်းတဲ့ အနေအထိုင် အပြုအမူတို့ကြောင့် ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတဲ့ ပန်းရောင်ခြယ်လေးကတော့ သူမရဲ့ဖခင်ကြီး ဂရေဟမ်လိုမျိုး အနုပညာပါရမီ ထူးသူတစ်ဦးပါ။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့ ပန်းရောင်လေးကတော့ လတ်တလောမှာ မိသားစုနဲ့အတူ ပွဲတက်ခဲ့တဲ့ အမိုက်စားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပန်းရောင်နဲ့ ပန်းသွန်းလေးတို့ ညီအမတွေသာမက မိဘနှစ်ပါးလုံးကပါ အထာကျလွန်းတဲ့ ဖက်ရှင်နဲ့ ပွဲတက်ခဲ့တာမို့ လူတွေအကုန် လည်ပြန်ငေးယူခဲ့ရတာပါ။

Loading...

ချစ်ပရိသတ်တွေအတွက် အရမ်းကို အထာကျလွန်းနေတဲ့ ပန်းရောင်ခြယ်တို့ မိသားစုလေးရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပန်းရောင်ခြယ်ကတော့ “မနေ့ နေ့လည် 💜 at the MITSUBISHI XPANDER Media Test Drive event 🥳 ၁၄ ရက်နေ့ Myanmar Plaza မှာ မနက် ၁၁:၃၀ ကနေ ၁၂:၃၀ အထိ public launch အတွက် ရှိနေပါမယ်၊ see you 💜Place 📍 The One Entertainment Park” ဆိုပြီး သူမတို့ မိသားစုလေးရဲ့ပွဲတက်ပုံရိပ်လေးတွေကို ဝေမျှပေးခဲ့တာပါ။

တစ်ယောက်တစ်မျိုးစီနဲ့ အရမ်းဂေါ်နေတဲ့ ပန်းရောင်တို့ ညီအမနှစ်ယောက်…။

အဖေနဲ့ အမေကချောလို့ သမီးလေးနှစ်ယောက်ကလည်း အရမ်းချောတာနေမှာ…။

ပန်းရောင်ခြယ်လေးကတော့ လတ်တလောမှာ သီချင်းသစ်လေးတွေ ဖန်တီးဖြစ်နေပြီး၊ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။ မိဘအပေါ် သိတတ်တဲ့ သမီးလိမ္မာလေး ပန်းရောင်ကတော့ သူမရသမျှ လုပ်အားခတွေလည်း အကုန်လုံးနီးပါး ပြန်အပ်တာပါတဲ့နော်။ချစ်ပရိသတ်တွေလည်း တစ်ယောက်တစ်မျိုးစီ အရမ်းဖက်ရှင်ကျတဲ့ အဆိုတော်ကြီး ဂရေဟမ်တို့ရဲ့မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit-momolay

Loading...