အချစ်ဆုံးတပည့်အတွက် ဆယ်သိန်းကျော်တန်ဖိုးရှိတဲ့ IPh X တစ်လုံးလက်ဆောင်ဝယ်ပေးခဲ့တဲ့ မင်းသားမြင့်မြတ်

ပြည်သူချစ်သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ လူပျိုပေါက်အရွယ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့ပြီး ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ မြင့်မြတ်က အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

Loading...

အခုရက်ပိုင်းမှာတော့ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသလို မိသားစုနဲ့လည်း မကြာခဏခရီးတွေထွက်နေကြောင်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် သိရပါတယ်။ အခုလည်း မြင့်မြတ်ရဲ့အချစ်ဆုံးတပည့်ဖြစ်တဲ့ မြတ်ဝေထွန်းက ဆရာဆီကနေ I Ph တစ်လုံးလက်ဆောင်ရရှိခဲ့ကြောင်း တင်ထားတာ တွေ့ရပါတယ်။

မြင့်မြတ်က သူချစ်ရတဲ့တပည့်အတွက် မြန်မာငွေ ဆယ်သိန်းကျော်တန်ဖိုးရှိတဲ့ IPh X တစ်လုံးကို လက်ဆောင်ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ သူ့ချစ်တပည့် မြတ်ဝေထွန်းကတော့ မိသားစုလိုမျိုး နွေးထွေးရင်းနှီးတဲ့ဆက်ဆံရေးရှိကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွကက် မြင့်မြတ်တို့ ဆရာတပည့်နှစ်ယောက်ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

credit – myanmarload

Loading...