အိမ်ထောင်သက်တမ်း ၅ နှစ်အတွင်း ဖြတ်သန်းမှုတွေကို မျှဝေလာတဲ့ မိုးမိုး

မိုးမိုးကတော့ သူ့ရဲ့ အိမ်ထောင်ရေးဟာ လွယ်လွယ်ကူကူ စတင်ခဲ့တာ မဟုတ်ဘူးလို့ဆိုပါတယ်။ အခုဆိုရင် အိမ်ထောင်သက်တမ်း ၅ နှစ်အတွင်းမှာ ဖြတ်သန်းခဲ့ရတဲ့ အိမ်ထောင်ရေးအကြောင်းကိုလည်း မျှဝေပြောပြလာခဲ့ပါတယ်။

မိုးမိုးက လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းပြောပြလာပါတယ်။ ချစ်လို့လက်ထပ်ပြီးသားအိမ်ထောင်ရေးတွေမှာ ကြာလာရင် သံယောဇဉ်ဖြစ်သွားတတ်တယ် ဆိုတဲ့ အပေါ်မှာလည်း သူ့ရဲ့ ခံယူချက်တွေကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

Loading...

‘’သံယောဇဉ်ဆိုတာ အနေနီးလို့ဖြစ်တာလေ။ အဲဒီမှာ ကောင်းတာရှိသလို၊ ဆိုးတာတွေလည်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် တွယ်တာလာတယ်၊ မျက်နှာမမြင်ရရင် မနေနိုင်တော့ဘူး။ ဒါတွေက ကောင်းကျိုးတွေပေါ့။ ဆိုးတာက တစ်ယောက်နဲ့တစ်ယောက် အူမချေးခါးက အစ အကုန်သိလာတဲ့အတွက် တန်ဖိုးလျှော့လာတာမျိုးတွေ မြင်လာတတ်တယ်။ လေးစားမှုလျှော့လာတာတွေရှိတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဒီလိုမဖြစ်အောင် သတိပေးတယ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတယ်။ ဒါက အရေးကြီးတယ်။ ကျွန်တော်တို့ အိမ်ထောင်ရေး ၅ နှစ်ရှိပြီ။ စပြီးတွေ့တုန်းက အချိန်လိုပဲ အခုထက်တိ တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုတာ ပြောကြတယ်’’ လို့ ဆိုပါတယ်။

လွယ်လွယ်ထူထောင်လို့ရခဲ့တဲ့ အိမ်ထောင်ရေးမဟုတ်တာကြောင့် ခိုင်မာတဲ့ မိသားစုလေးဖြစ်အောင်လို့လည်း အရမ်းကိုကြိုးစားရတယ်လို့ မိုးမိုးက ဆိုပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံးကလည်း လေးစားမှုရှိရတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

‘’ ပိုဆိုးတာက ကျွန်တော်တို့ ထူထောင်ရတဲ့အိမ်ထောင်ရေးက တခြားလူတွေထက် ၂ ဆ၊ ၃ ဆ လောက်ပိုပြီးတော့ ကြိုးစားရတာပေါ့။ ပိုအောင်မြင်ဖို့ ဆိုတာထက် မပျက်စီးစေဖို့ ပိုပြီးတော့ ထိန်းသိမ်းရတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘာမဆို ဖြည့်ဆည်းပေးတယ်ဆိုတဲ့ သဘောမျိုးဖြစ်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှု မပျက်အောင်၊ တန်ဖိုးထားမှု မပျက်အောင် ဆိုတာမျိုးကို အဓိက ထားရပါတယ်ခင်ဗျ’’ ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ညက ‘’ရူးအောင်ချစ်ရသူ’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။


အဲဒီနောက် အိမ်ထောင်ရေးကို ပျက်ပြယ်စေနိုင်မယ့် ဘေးစကားတွေကိုလည်း နားမယောင်ဘူးလို့ မိုးမိုး ကပြောပါတယ်။

‘’ ဘေးစကားဆိုရင် ကျွန်တော်တို့က ရယ်တယ်။ ကျွန်တော်တို့ အကြောင်းကို ကျွန်တော်တို့ အသိဆုံးကိုး။ ဘေးစကားလာပြောတယ်ဆိုတော့ ကျွန်တော်တို့အကြောင်းကို မသိပဲနဲ့ လာပြောနေတယ်ဆိုတာလောက်ပါပဲ။ ဘေးစကားဆိုတာက ကျွန်တော်တို့အတွက် ရိုက်ခတ်မှု သိပ်မရှိဘူး’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

မိုးမိုးကိုတော့ တနင်္ဂနွေမိုးရေစက်များ ဆိုတဲ့ တေးစီးရီးကနေ ပရိ သတ် အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် မိုးမိုး ကတော့ ဖျော်ဖြေရေးတွေမှာလည်း ပါဝင်သီဆိုနေရသလို၊ Group Song အခွေ တွေမှာ လည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ ဝိတ်ချနေတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ သူ ချစ်ရတဲ့ ဇနီးချောလေး မြတ်ပီတိမိုးနဲ့အတူ သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။

credit-cele yatkawt
unicode

Loading...