မင်းသန့်မောင်မောင်ရိုက်တဲ့ ကြော်ငြာမှာ ပါဝင်ပေးခဲ့တဲ့ စိုင်းစိုင်းနဲ့ ကစ်ကစ်

စိုင်းစိုင်းနဲ့ ၀တ်မှုံရွှေရည် တော့ ပရိသတ်တွေက အရင်လို အတူပြန်တွဲမြင်ချင်တဲ့ ဆယ်လီတွေပါ။ နှစ်ယောက် တွဲပြီး မမြင်ရတာလည်း တော်တော်လေးကို ကြာခဲ့ပါပြီ။ သူတို့ရဲ့ ကြော်ငြာသစ်လေးကိုတော့ ပရိသတ်တွေ မကြာခင်မှာမြင် ရဖို့ ရှိပါတယ်။ ၀ါရင့်သရုပ်ဆောင်ဒါရိုက်တာကြီး စင်ရော်မောင်မောင်နဲ့ ၀ါရင့် မင်းသမီးကြီး မေသန်းနု တို့ရဲ့ သား လေး မင်းသန့်မောင်မောင် ကတော့ စိုင်းစိုင်း၊ ကစ်ကစ်တို့နဲ့ အတူတူ လက်တွဲပြီး ကြော်ငြာ တစ်ခု ရိုက်ကူး ခဲ့ပါတယ်။ GATSBY ကြော်ငြာလေးပါ။ မင်းသန့်မောင်မောင်က “GATSBY commercial​ shooting BTS” ဆိုပြီး ရိုက်ကွင်း ပုံရိပ်လေးတွေကို သူ့ရဲ့ အကောင့်မှာ ဝေမျှထားပါတယ်။

Loading...

စိုင်းစိုင်းနဲ့ ကစ်ကစ်ကတော့ နှစ်ယောက်ကျော် အကွာမှာ အတူယှဉ်တွဲ မတ်တပ်ရပ်နေတာကို တွေ့ရမှာပါ။ ကြော်ငြာ ရိုက်ကွင်း နောက်ကွယ်က ပုံရိပ်တစ်ချို့ကိုလည်း ဒါရိုက်တာ စင်ရော် မောင်မောင်က သူ့ရဲ့ Fb မှာ အခုလို ဝေမျှ ထားပါသေးတယ်။

“မင်းသန့်မောင်မောင် ပထမဦးဆုံး ရိုက်ကူးတဲ့ GATSBY TVCClient – GATSBY ,Producer – Thinzar Wint,Cast. – Sai Sai Kham Leng,Director – Min Thant Maung Maung ( New York Film Academy),Production Coordinator – Zin Yaw Mg Mg,Art Director- Ko Kyaw Gyi
DOP – 3LB,GAFFER – Kiattisak(BANGKOK ),PHOTO Moe Min ( Ray )..”

စိုင်းစိုင်းနဲ့ ၀တ်မှုံရွှေရည် ကတော့ မကြာသေးခင်တုန်းကလည်း Casio Baby G ကြော်ငြာ အတူ ရိုက်ခဲ့ပါ သေးတယ်။ စိုင်းစိုင်းကတော့ G-Shock ရဲ့Brand ambassador အဖြစ် ဆောင်ရွက်ပေးနေ သူဖြစ်ပြီး ၀တ်မှုံရွှေရည် ကတော့ လွန်ခဲ့တဲ့ လပိုင်းလောက်တုန်းက G-MS Series ရဲ့ Brand ambassador အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

credit – aunty may

Loading...