မန္တလေးFMမှာ ရုပ်ရှင်လောကသားတွေနဲ့ အလိုက်ဖက်ဆုံးသီချင်းလေးတစ်ပုဒ်တောင်းပေးခဲ့တဲ့ ကိုပေါက်ရဲ့ဗီဒီယိုလေး

ပရိသတ်ကြီးရေ ကိုပေါက်ကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အပြင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါအောင်မြင်မှုတွေရရှိနေတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ကိုပေါက်ကတော့ ပျော်ပျော်နေတတ်ပြီး စိတ်သဘောထားပြည့်ဝသူဖြစ်သလို အလှူအတန်းတွေလည်း မကြာခဏပြုလုပ်လေ့ရှိသူတစ်ဦးလဲဖြစ်ပါတယ်။

ကိုပေါက်ကတော့ ဘေးနားကပါရမီဖြည့်ပေးနေတဲ့ချစ်ဇနီးလေးနဲ့အတူသားလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်သူတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် ကိုပေါက်ကတော့ အိမ်မှာနေရင်း ပရိသတ်တွေ ရယ်မော်ပျော်ရွှင်စေဖို့အတွက် ဟာသ tik tok ဗီဒီယိုလေးတွေကိုလည်း အမြဲတင်ပေးလေ့လဲရှိပါတယ်။

ဒီနေ့မှာဆိုရင်လည်း ကိုပေါက်က ရုပ်ရှင်လောကသားတွေအတွက်ရည်ရွယ်ပြီး လိုက်ဖက်တဲ့သီချင်းလေးတစ်ပုဒ်ကို မန္တလေးFMမှာတောင်းပေးလိုက်တဲ့ဟာသဗီဒီယိုလေးတစ်ပုဒ်ကို နင်ပေးလာခဲ့ပါတယ်။အဆိုပါဗီဒီယိုလေးကိုတော့ မန္တလေးFMမှာ သီချင်းတောင်းလိုက်တယ်”ဆိုတဲ့ စာလေးနဲ့အတူတင်ပေးထားတာဖြစ်ပါတယ်။ချစ်တဲ့ပရိသတ်ကြီးအတွက်လည်း ကိုပေါက်ရဲ့ဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Source-Aung Min Naing

Zawgyi



