တွံတေးမြို့ ကျောင်းသစ်ကျောင်းတိုက်မှာ ရဟန်းဝတ်ပြီး ကျောင်းရှိသံဃာတော်များကို နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့တဲ့ စိန်လင်း(Aroma)

ပရိသတ်ကြီးရေ စိန်လင်း(Aroma) ကတော့ အချစ်သီချင်းကောင်းလေးကို သီဆိုပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာရရှိထားသူတစ်ဦးဖြစ်ပါတယ်။သူရဲ့သီချင်းတွေက ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။စိန်လင်းကတော့ မကြာသေးခင်ကပဲ စုန်းမ ဆိုတဲ့ သီချင်းလေးထွက်ရှိထားတာပဲဖြစ်ပါတယ်။

စိန်လင်း(Aroma) ကတော့ အလှူအတန်းလဲရက်ရောသူဖြစ်တာကြောင့် မကြာခဏဆိုသလို အလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။ဒီနေ့မှာဆိုရင်လည်း စိန်လင်း တွံတေးမြို့ ကျောင်းသစ်ကျောင်းတိုက်မှာ ဦးစန္ဒောဘာသ ဘွဲ့အမည်ဖြင့် ရဟန်းဝတ်ပြီး ကုသိုလ်ယူခဲ့ပါတယ်။

ဒါ့အပြင် စိန်လင်းကတော့ ကျောင်းရှိသံဃာတော်များကိုလည်း နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါသေးတယ်။ပရိသတ်ကြီးအတွက်ဒီနေ့မှာ သာသနာ့ဘောင်ကို ဝင်ရောက်ပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ စိန်လင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Source-Aroma

Zawgyi



