လမ်းပေါ်မှာဈေးရောင်းနေတဲ့ကောင်လေးကို မုန့်ဖိုးနဲ့စားစရာတွေအပြင်မိုးကာအင်္ကျီကိုပါလှူဒါန်းပေးခဲ့တဲ့ စူးရှထက်

ပုရိသတွေကြားမှာအရမ်းကိုရေပန်းစားအောင်မြင်နေတဲ့ မော်ဒယ်၊သရုပ်ဆောင်စူးရှထက်ကိုတော့ပရိသတ်ကြီးလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ လတ်တလောမှာတော့စူးရှထက်က အနုပညာအလုပ်အပြင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ထားပြီး သူမကိုယ်တိုင်ဦးစီးကာရောင်းချနေတာပဲဖြစ်ပါတယ်။

စူးရှထက်ကတော့ အလှူအတန်းဘက်မှာလည်းရက်ရောသူတစ်ယောက်ဖြစ်ပြီး အမှန်တကယ်လိုအပ်နေတဲ့သူတွေအတွက် တတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးလေ့ရှိပါတယ်။ လက်ရှိမှာလည်း လမ်းပေါ်မှာငုံးဥရောင်းနေတဲ့ကောင်လေးတစ်ယောက်ကိုခေါ်ပြီး မုန့်ဖိုးအပါအဝင်မိုးကာအင်္ကျီနဲ့စားစရာတွေကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ အဆိုပါအလှူအကြောင်းလေးကိုတော့ “မောင်လေးရေ မိုးရွာရင်မိုးကာအင်္ကျီလေးဝတ်ရောင်းရအောင်လက်ဆောင်ပေးမယ်ဆိုတော့သူ့မှာပျော်နေတယ်

ရော့စားစရာရော့မုန့်ဖိုးဆိုတော့သူမှာအံသြပြီး ပျော်ရွှင်နေတဲ့မျက်နှာလေးမကြီး သားငုံဥလေးကျွေးချင်လို့တဲ့မကြီးကတစ်ထုပ်နဲ့မဝဘူးနှစ်ထုပ်ပေးလို့ခလေးဆီကဓါးပြတိုက်ခဲ့တယ်စားလို့ကောင်းလိုက်တဲ့ ငုံဥ”ဆိုပြီးသူမအကောင့်မှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးရေ စူးရှထက်ရဲ့အလှူအတါက်သာဓုခေါ်ခဲ့ကြပါဦးနော်..။

Source:Sue Sha Htet

Zawgyi



