သူငယ်ချင်းဖြစ်သူညီညီမောင်(စမ်းချောင်း)အတွက် အမှတ်တရပုံလေးတွေနဲ့အတူ ထူးခြားတဲ့မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့တဲ့ လင်းလင်း

ပရိသတ်ကြီးရေ ဒိတ်ဒိတ်ကျဲအနုပညာရှင်တွေရဲ့လက်စွဲတော်ဖြစ်တဲ့ မိတ်ကပ် လင်းလင်းကတော့ မိတ်ကပ်ပညာမှာထူးချွန်သူတစ်ယောက်ဖြစ်ပြီးအောင်မြင်မှုတွေရရှိနေသူတစ်ဦးဖြစ်ပါတယ်။လင်းလင်းကတော့ စကားပြောဆိုရာမှာလည်း ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရရှိထားသူတစ်ဦးပါ။

မိတ်ကပ်ပညာမှာ ထူးချွန်တဲ့ လင်းလင်းကတော့ အခုနောက်ပိုင်းမှာ ဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။လင်းလင်းကတော့ ဒီနေ့မှာကျရောက်တဲ့ ချစ်ရတဲ့ သူငယ်ချင်းဖြစ်သူ ညီညီမောင်ရဲ့ (၃၉ )နှစ်ပြည့် မွေးနေ့ရက်မြတ်လေးမှာတော့ သူတို့နှစ်ယောက်ရဲ့အမှတ်တရပုံလေးတွေနဲ့အတူ ထူးခြားတဲ့ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါတယ်။

လင်းလင်းကတော့ “ Happy birthday ချစ်သူငယ်ချင်းမမသုဘဝမှာကိုယ်လိုချင်တာ🦋💋မှန်သမျှပိုင်ဆိုင်ရပါစေရှင့်😘”ဆိုတဲ့ မွေးနေ့ဆုတောင်းစကားလေးနဲ့ အတူ အမှတ်တရပုံရိပ်လေးတွေကို မျှဝေထားတာပဲဖြစ်ပါတယ်။ချစ်ရတဲ့ ပရိသတ်ကြီးကလည်း ဒီနေ့မှာကျရောက်တဲ့ ညီညီမောင်(စမ်းချောင်း)ရဲ့ မွေးနေ့လေးအတွက် ဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါအုံးနော်…။

Source-Lin Linn

Zawgyi



