သမီးႀကီး ေျပသုျဒာက အေနေအးတယ္လို႔ ဆိုလာတဲ့ အိျႏၵာေက်ာ္ဇင္

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ထားႏိုင္တဲ့ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္က သာယာတဲ့ မိသားစုဘဝေလးကိုလည္း ပိုင္ဆိုင္ထားသူပါ။ ခ်စ္ဖို႔ေကာင္းတဲ့ သားေလးနဲ႔ သမီးေလးအေၾကာင္းကိုလည္း ယခုလို ေျပာျပထားပါေသးတယ္။

သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဟာ သူမနဲ႔ တူတဲ့ သမီးေလးကို ပိုင္ဆိုင္ထားတာပါ။ အေနေအးတဲ့ သမီးႀကီး ေျပသုျဒာက သူမနဲ႔တူတယ္လို႔ အိျႏၵာေက်ာ္ဇင္က ဆိုပါတယ္။

Loading...

“သမီးႀကီးက ေတာ္ေတာ္မ်ားမ်ား အမနဲ႔တူတယ္။ အေနေအးတာလည္း တူတယ္။ အႀကိဳက္လည္း တူတယ္။ စကားလည္း နည္းတယ္။ သူစိတ္ဝင္စားတဲ့အေၾကာင္းအရာဆို သူေျပာတယ္။ သူစိတ္မဝင္စားဘူးဆိုရင္ သူ႔ဘာသာသူေနတယ္” လို႔ ၾသဂုတ္လ(၁၈) ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ monster cheese ဆိုင္ဖြင့္ပြဲမွာ ေျပာျပခဲ့တာပါ။

အငယ္ေလး ေျပဓီရကေတာ့ ခင္ပြန္းျဖစ္သူ ေျပတီဦးနဲ႔ ႀကိဳက္တာေတြ ၊ စိတ္ေနစိတ္ထားေတြကအစ တူတယ္ဆိုၿပီး ေျပာျပခဲ့ပါေသးတယ္။

“သားက သူ႔အေဖနဲ႔တူတယ္။ ႀကိဳက္တာေတြ စိတ္ေနစိတ္ထားေတြကအစ တူတယ္။ အငယ္ေလးက အရမ္းသြက္တယ္။ စကားလည္း အရမ္းေျပာတယ္။ သူ႔အေဖနဲ႔တူတယ္။အမနဲ႔ေတာ့ မတူဘူး”ဆိုၿပီး သမီးနဲ႔ သားေလးအေၾကာင္း ေျပာျပခဲ့တာ ျဖစ္ပါတယ္။

ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဟာ ၂၀၁၁ခုႏွစ္ ဇန္နဝါရီ (၄)ရက္ေန႔က လက္ထပ္ထိမ္းျမားခဲ့တာ ျဖစ္ပါတယ္။သမီးႀကီးေျပသုျဒာကိုေတာ့ ၂၀၁၁ခုႏွစ္ ေအာက္တိုဘာ(၁၄)ရက္ေန႔က ေမြးဖြားခဲ့တာ ျဖစ္ၿပီး သားငယ္ေလးကိုေတာ့ ၂၀၁၅ခုႏွစ္ၾသဂုတ္(၂၇)မွာ ေမြးဖြားခဲ့တာ ျဖစ္ပါ တယ္။ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ မိသားစုေလးကေတာ့ ပရိသတ္ေတြ အားက်ရတဲ့ အႏုပညာရွင္ မိသားစုေလးလည္း ျဖစ္ပါတယ္။

အိျႏၵာေက်ာ္ဇင္ဟာ ၁၉၉၀ ခုႏွစ္ေႏွာင္းပိုင္းကစၿပီး မဂၢဇင္းဓာတ္ပုံ၊ ျပကၡဒိန္ေတြနဲ႔ တီဗီေၾကာ္ျငာေတြ အေျမာက္အျမား႐ိုက္ကူူးရင္း ပရိသတ္ေတြ စတင္အားေပးမႈ ရရွိခဲ့သူပါ။ ၁၉၉၈ ခုႏွစ္မွာေတာ့ Miss Kokkine ဆု နဲ႔ Miss Chirsmas ဆုကို ရရွိခဲ့ပါတယ္။ အဲဒီေနာက္ ‘’ခ်စ္ေသာ အယ္ဒီတာ’’၊ ‘’ အႏႈိင္းမဲ့’’ စတဲ့ ျမဝတီ႐ုပ္သံဇာတ္လမ္းတြဲေတြမွာလည္း ပါဝင္႐ိုက္ကူးခဲ့ပါတယ္။ ေခါင္းေဆာင္မင္းသမီးအျဖစ္အရင္ဆုံး ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြကေတာ့ ‘’အျဖဴေရာင္ အတၱ’’၊ ‘’ ကြၽန္ေတာ္ ကြၽန္မတို႔သည္’’ ႐ုပ္ရွင္ဇာတ္ကားႀကီးတို႔ျဖစ္ပါတယ္။

အိျႏၵာေက်ာ္ဇင္ရဲ႕အႏုပညာသက္တမ္းကေတာ့ အႏွစ္ ၂၈ ႏွစ္ ေက်ာ္ၿပီျဖစ္ပါတယ္။သူမဟာ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ကားႀကီးေပါင္း မ်ားစြာတို႔ကိုလည္း ႐ိုက္ကူးထားသူတစ္ေယာက္ပါ။ ဒီေန႔အခ်ိန္ထိ ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္မႈရရွိေနတဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။သူမဟာ ၂၀၀၄ ခုႏွစ္မွာ “မ်က္ႏွာမ်ားတဲ့ မိုးေကာင္းကင္”၊ ၂၀၁၇ခုႏွစ္မွာ “ရင္ဘက္ထဲကဓား” တို႔နဲ႔ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုေတြကို ပိုင္ဆိုင္ႏိုင္ခဲ့သူပါ။

CRD-CELE YATKWAT

UNICODE

သမီးကြီး ပြေသုဒြာက အနေအေးတယ်လို့ ဆိုလာတဲ့ အိန္ဒြာကျော်ဇင်

အနုပညာလောကမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားနိုင်တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်က သာယာတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူပါ။ ချစ်ဖို့ကောင်းတဲ့ သားလေးနဲ့ သမီးလေးအကြောင်းကိုလည်း ယခုလို ပြောပြထားပါသေးတယ်။

သရုပ်ဆောင် အိန္ဒြာကျော်ဟာ သူမနဲ့ တူတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာပါ။ အနေအေးတဲ့ သမီးကြီး ပြေသုဒြာက သူမနဲ့တူတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။

“သမီးကြီးက တော်တော်များများ အမနဲ့တူတယ်။ အနေအေးတာလည်း တူတယ်။ အကြိုက်လည်း တူတယ်။ စကားလည်း နည်းတယ်။ သူစိတ်ဝင်စားတဲ့အကြောင်းအရာဆို သူပြောတယ်။ သူစိတ်မဝင်စားဘူးဆိုရင် သူ့ဘာသာသူနေတယ်” လို့ သြဂုတ်လ(၁၈) ရက်နေ့က ပြုလုပ်ခဲ့တဲ့ monster cheese ဆိုင်ဖွင့်ပွဲမှာ ပြောပြခဲ့တာပါ။

အငယ်လေး ပြေဓီရကတော့ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ကြိုက်တာတွေ ၊ စိတ်နေစိတ်ထားတွေကအစ တူတယ်ဆိုပြီး ပြောပြခဲ့ပါသေးတယ်။

“သားက သူ့အဖေနဲ့တူတယ်။ ကြိုက်တာတွေ စိတ်နေစိတ်ထားတွေကအစ တူတယ်။ အငယ်လေးက အရမ်းသွက်တယ်။ စကားလည်း အရမ်းပြောတယ်။ သူ့အဖေနဲ့တူတယ်။အမနဲ့တော့ မတူဘူး”ဆိုပြီး သမီးနဲ့ သားလေးအကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။သမီးကြီးပြေသုဒြာကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ခုနှစ်သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါ တယ်။ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် မိသားစုလေးလည်း ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့ မိုးကောင်းကင်”၊ ၂၀၁၇ခုနှစ်မှာ “ရင်ဘက်ထဲကဓား” တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

CRD-CELE YATKWAT

Loading...