

Loading...




UNICODE

ကောင်မလေးကပါးဆွဲညစ်တာကို စိတ်ညစ်နေတဲ့ပုံစံလေးနဲ့ မခို့တရို့လေးလုပ်ပြလိုက်တဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုဖိုင်လေး

ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာအထိ လူသိများအောင်မြင်နေတဲ့ မြန်မာပြည်က မင်းသားချောလေးကတော့ ပရိသတ်အချစ်တော် ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ Six Packs တွေ အမိုက်စားတက်တူးတွေနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်ကတော့ နိုင်ငံခြားမင်းသားတစ်ဦးလို ချောမောခန့်ညားလွန်းသူ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပျိုပျိုမေလေးတွေက ပိုင်တံခွန်ဆိုတာနဲ့ အပြေးအလွှားဝန်းရံနေကြတာ ဖြစ်ပါတယ်။

အခုဆိုရင် ပိုင်တံခွန်က အရင်ကထက်ပိုပြီး ကြော်ငြာတွေ ၊ Photo Shooting တွေနဲ့ သီချင်းဗီဒီယိုတွေ အများဆုံးရိုက်ကူးလာရတာလည်း တွေ့ရပါတယ်။ နေ့တိုင်းရှုတင်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ ပိုင်တံခွန်က သူရဲ့တစ်နေ့တာလှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် My Story မှာ အမြဲလိုလို တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပိုင်တံခွန်က သူရဲ့တစ်နေ့တာလှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် My Story မှာ အမြဲလိုလို တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။

ရိုက်ကွင်းမှာတော့ ကောင်မလေးတစ်ယောက်က ပါးလေးဆွဲညစ်နေတာကို ပိုင်တံခွန်က စိတ်ညစ်နေတဲ့ အမူအရာလေးတွေနဲ့ အသည်းယားစဖွယ် သရုပ်ဆောင်ပြနေတာ တွေ့ရပါတယ်။ မခို့တရို့ပုံစံလေးနဲ့ ရှက်ပြုံးလေးပြုံးနေတဲ့ ပိုင်တံခွန်ရဲ့အမူအရာလေးက ပရိသတ်တွေကို အသည်းကြွေစေနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Paing Takhon;CRD-Myanmar Load

Loading...