“မြနှင်းရည်လွင်က ပါးရိုက်ပါဆိုလို့ အားနားပါးနာနဲ့ ရိုက်လိုက်ရတဲ့ ဂျူးဂျူးကေ”

ဂျူးဂျူးကေကတော့ ပရိသတ်အချစ်ကို သိမ်းပိုက်ထားနိုင်တဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ဇာတ်ကားတစ်ကားကို ကာရိုက်တာတစ်မျိုးနဲ့ ပါဝင်သရုပ်ဆောင်ချင်သူ တစ်ယောက်ဖြစ်ပြီးတော့ ဇာတ်ကားတစ်ကားနဲ့ တစ်ကားကိုကာရိုက်တာ မတူချင်ဘူးလို့လည်း သိရပါတယ်။

Loading...

လတ်တလောမှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ငွေစက္ကူ(၇)ရွက်ဇာတ်လမ်းတွဲမှာ ဗီလိန်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ပြီး ပံ့ပိုးပေးထားတဲ့ သူတစ်ယောက်ပါ။ ငွေစက္ကူ(၇)ရွက်ဇာတ်လမ်းတွဲရဲ့ အပိုင်း(၁၄)နောက်ပိုင်းတောက်လျောက်မှာ အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ပရိသတ်က မုန်းလိမ့်မယ် လူဆိုးဖြစ်နေတာကိုး။ အရင်တုန်းက ကာရိုက်တာနဲ့ တထပ်တည်းမတူဘဲ သရုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ဒီဇာတ်ကားမှာ မြနှင်းရည်လွင်က တကယ်ပါးရိုက်ပါဆိုလို့ အားနားပါးနာနဲ့ ရိုက်လိုက်ရတယ်ဆိုတာကို “မြနှင်းရည်လွင်က ညီအစ်မတွေလိုပဲ အရမ်းလည်းသဘောကောင်းတယ် ချစ်ဖို့လည်းကောင်းတယ် မာန်မာနလည်းမရှိဘူး။သူနဲ့ရိုက်ရတဲ့ အခန်းတွေမှာဆို ပါးရိုက်ရတဲ့ အခန်းဆိုရင် တကယ်ရိုက်ခိုင်းတယ်။ ဘာလို့ဆိုတော့ တကယ်မုဝင်ချင်လို့ အဲ့ဒါမှ ငိုလို့ကောင်းမယ်ဆိုလို့ တချို့အခန်းတွေ အားနားပါးနာနဲ့ ရိုက်ရတဲ့ အခန်းတွေရှိတယ်”လို့ ရင်ဖွင့်ပြောပြခဲ့တာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်…။

credit – celegabar

Loading...