ဂါဝန္ကားကားေလးေတြကို လႊားကနဲ လႊားကနဲေဝွ႔ယမ္းၿပီး Tik Tokကစားျပလိုက္တဲ့ ေအးျမတ္သူ၊ခင္ေလးႏြယ္နဲ႔ ယုသႏၲာတင္

လူႀကီးလူငယ္ ပရိတ္သတ္ေတြရဲ႕ အားေပးမႈေတြကို တစ္ခဲနက္ရရွိထားတဲ့ ျပည္ေတာ္ခ်စ္မင္းသမီးေခ်ာေလးေတြကေတာ့ ေအးျမတ္သူ၊ခင္ေလးႏြယ္နဲ႔ ယုသႏၲာတင္တို႔ပဲျဖစ္ပါတယ္ေနာ္။ သူတို႔သုံးေယာက္စလုံးဟာ တစ္ေယာက္နဲ႔တစ္ေယာက္သိပ္ခ်စ္ၾကတဲ့BFFသူငယ္ခ်င္းေတြလည္းျဖစ္ၾကသလို ဘာပဲလုပ္လုပ္တစ္ပူးပူးတတြဲတြဲနဲ႔အၿမဲလိုလိုေတြ႕ေနရသူေလးေတြပါေနာ္။

Loading...

အလုပ္ေတြမအားရင္ေတာင္ အခ်ိန္ေပးၿပီးေတြ႕တတ္ၾကတဲ့ သူမတို႔ရဲ႕ သူငယ္ခ်င္းသံေယာဇဥ္ဆိုတာကေတာ့ တကယ့္ကိုခိုင္ခိုင္မာမာပါပဲေနာ္။ သူမတို႔သုံးေယာက္ဟာ အားလပ္ရက္ခရီးေလးေတြထြက္တဲ့အခါမွာလည္း အတူတူ တိုင္တိုင္ပင္ပင္နဲ႔ စည္းစည္းလုံးလုံးေလးထြက္တတ္ၾကပါေသးတယ္ေနာ္။ မၾကာခင္ကလည္း ကမာၻ႔နာမည္ေက်ာ္ လန္ဒန္ၿမိဳ႕ေပၚမွာလည္းေနရာအႏွံ႔သြားေရာက္လည္ပတ္ခဲ့ၾကပါေသးတယ္။

ဒီတစ္ခါမွာလည္း သူမတို႔လန္ဒန္ၿမိဳ႕ေပၚကို ခရီးထြက္ခဲ့စဥ္က အမွတ္တရ ကစားထားခဲ့တဲ့Tik Tokဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝေပးထားခဲ့တာကိုေတြ႕ရျပန္ပါတယ္ေနာ္။ Disneyထဲက ကာတြန္းဇာတ္ေကာင္မင္းသမီးေလးေတြလို ဂါဝန္ကားကားေလးေတြဝတ္ဆင္ၿပီးေတာ့ လွခ်င္တိုင္းလွေနၾကတဲ့ သူမတို႔ သုံးေယာက္ရဲ႕Tik Tokေလးေၾကာင့္ ခ်စ္ပရိတ္သတ္ေတြအသည္းယားအခ်စ္ပိုခဲ့ရပါတယ္ေနာ္။ ေသခ်ာၾကည့္ရင္ေတာ့ သူမတို႔ သုံးေယာက္စလုံး ဟာ ဂါဝန္ေလးနဲ႔ ဆိုေပမယ့္ ရွဴးဖိနပ္ေလးေတြကိုယ္စီ စီးထားတာကိုေတြ႕ရမွာျဖစ္ၿပီး ဒီvideoေလးက ပရိတ္သတ္ေတြကို ၿပဳံးေပ်ာ္ေစခဲ့ပါတယ္ေနာ္။ ကဲ… ဂါဝန္ေလးကိုလႊားကနဲ လႊားကနဲေဝွ႔ယမ္းရင္း Tik Tokကစားျပလိုက္တဲ့ ျပည္ေတာ္ခ်စ္မင္းသမီးေခ်ာေလးေတြရဲ႕ Tik Tokဗီဒီယိုဖိုင္ေလးကို ျပည္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source : Yu Thandar Tin,CRD-Myanmar Load

UNICODE

ဂါဝန်ကားကားလေးတွေကို လွှားကနဲ လွှားကနဲဝှေ့ယမ်းပြီး Tik Tokကစားပြလိုက်တဲ့ အေးမြတ်သူ၊ခင်လေးနွယ်နဲ့ ယုသန္တာတင်

လူကြီးလူငယ် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားတဲ့ ပြည်တော်ချစ်မင်းသမီးချောလေးတွေကတော့ အေးမြတ်သူ၊ခင်လေးနွယ်နဲ့ ယုသန္တာတင်တို့ပဲဖြစ်ပါတယ်နော်။ သူတို့သုံးယောက်စလုံးဟာ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့BFFသူငယ်ချင်းတွေလည်းဖြစ်ကြသလို ဘာပဲလုပ်လုပ်တစ်ပူးပူးတတွဲတွဲနဲ့အမြဲလိုလိုတွေ့နေရသူလေးတွေပါနော်။

အလုပ်တွေမအားရင်တောင် အချိန်ပေးပြီးတွေ့တတ်ကြတဲ့ သူမတို့ရဲ့ သူငယ်ချင်းသံယောဇဉ်ဆိုတာကတော့ တကယ့်ကိုခိုင်ခိုင်မာမာပါပဲနော်။ သူမတို့သုံးယောက်ဟာ အားလပ်ရက်ခရီးလေးတွေထွက်တဲ့အခါမှာလည်း အတူတူ တိုင်တိုင်ပင်ပင်နဲ့ စည်းစည်းလုံးလုံးလေးထွက်တတ်ကြပါသေးတယ်နော်။ မကြာခင်ကလည်း ကမ္ဘာ့နာမည်ကျော် လန်ဒန်မြို့ပေါ်မှာလည်းနေရာအနှံ့သွားရောက်လည်ပတ်ခဲ့ကြပါသေးတယ်။

ဒီတစ်ခါမှာလည်း သူမတို့လန်ဒန်မြို့ပေါ်ကို ခရီးထွက်ခဲ့စဉ်က အမှတ်တရ ကစားထားခဲ့တဲ့Tik Tokဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးထားခဲ့တာကိုတွေ့ရပြန်ပါတယ်နော်။ Disneyထဲက ကာတွန်းဇာတ်ကောင်မင်းသမီးလေးတွေလို ဂါဝန်ကားကားလေးတွေဝတ်ဆင်ပြီးတော့ လှချင်တိုင်းလှနေကြတဲ့ သူမတို့ သုံးယောက်ရဲ့Tik Tokလေးကြောင့် ချစ်ပရိတ်သတ်တွေအသည်းယားအချစ်ပိုခဲ့ရပါတယ်နော်။ သေချာကြည့်ရင်တော့ သူမတို့ သုံးယောက်စလုံး ဟာ ဂါဝန်လေးနဲ့ ဆိုပေမယ့် ရှူးဖိနပ်လေးတွေကိုယ်စီ စီးထားတာကိုတွေ့ရမှာဖြစ်ပြီး ဒီvideoလေးက ပရိတ်သတ်တွေကို ပြုံးပျော်စေခဲ့ပါတယ်နော်။ ကဲ… ဂါဝန်လေးကိုလွှားကနဲ လွှားကနဲဝှေ့ယမ်းရင်း Tik Tokကစားပြလိုက်တဲ့ ပြည်တော်ချစ်မင်းသမီးချောလေးတွေရဲ့ Tik Tokဗီဒီယိုဖိုင်လေးကို ပြည်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Yu Thandar Tin,CRD-Myanmar Load

Loading...