

Loading...




UNICODE

နာမည်ကြီးနိုင်ငံခြားသီချင်းလေးတစ်ပုဒ်ကို အမိုက်စားပြန်လည်သီဆိုပြထားတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်လေး

မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးလေးတွေရဲ့ အသည်းကျော် မင်းသားချောလေးတစ်လက် ဖြစ်ပါတယ်။ အရပ်ရှည်ပြီး ရုပ်ဖြောင့်တဲ့ ပိုင်တံခွန်က ကိုရီးယားမင်းသားတစ်ဦးလို ချောမောခန့်ညားပြီး အမြဲလိုလို စတိုင်ကျကျ ပြုမူနေထိုင်တတ်သူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရပြီး ပိုမိုအောင်မြင်လာတာ တွေ့ရပါတယ်။

ဆံနွယ်ရှည်လေးတွေနဲ့ နိုင်ငံခြားမင်းသားတစ်ဦးလို့တောင် ထင်မှတ်ရလောက်တဲ့ ပိုင်တံခွန်က ကြော်ငြာ၊ သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့အပြင် ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားတဲ့ ပိုင်တံခွန်က အခုလည်း ကောင်မလေးတွေကြွေသွားရလောက်အောင် နာမည်ကြီး သီချင်းလေးကို အမိုက်စားဆိုပြထားတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် နူတ်ခမ်းနီမလေးတွေကို အမြဲကြွေစေခဲ့တာလည်းဖြစ်ပါတယ်။အခုတလောမှာတော့ ပိုင်တံခွန်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။

Source:Paing Takhon,CRD-Myanmar Load

Loading...