

Loading...









UNICODE

အသက် ၁၅ နှစ်သာရှိသေးတဲ့ IZ*One Jang Wonyoung ရဲ့ ခန္ဓာကိုယ်အချိုးအစား

IZ*One အဖွဲ့ဝင် Jang Wonyoung ရဲ့လှပပြေပြစ်တဲ့ခန္ဓာကိုယ်နဲ့ ရှည်လျားတဲ့အရပ်အမောင်းတို့ဟာ ပရိတ်သတ်တွေကြားမှာနာမည်ကြီးတာဖြစ်ပါတယ်။Jang Wonyoung ဟာ ၂၀၀၄ ခုနှစ်ဖွားဖြစ်ပြီး အသက်၁၅နှစ်သာရှိသေးတာဖြစ်ပေမဲ့ အရပ် ၅ ပေ ၇လက်မ နဲ့ကိုယ်အလေးချိန်ကတော့ ၁၀၄ ပေါင် ရှိပြီးပြည့်စုံတဲ့ခန္ဓာကိုယ်အချိုးအစားတစ်ခုတို့ ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ဒါ့အပြင် Jang Wonyoung ဟာ IZ*One အဖွဲ့ရဲ့ Center နေရာဖြစ်ပြီး လူကောင်အကြီးဆုံးဖြစ်သလိုအငယ်ဆုံးအဖွဲ့ဝင်လေးလည်းဖြစ်ပါတယ်။

၂၀၁၉ Idol Star Athletics Championships ဖြစ်တဲ့ အနှပညာရှင်တွေအားကစားပြိုင်ပွဲမှာ Jang Wonyoung ကတော့ Baseball ပစ်တဲ့အပိုင်းမှာပါဝင်ခဲ့ပါတယ်။ Wonyoung ဟာ Baseball ဝတ်စုံတို့ကိုဝတ်ဆင်ထားခဲ့ပါတယ်။ လှပတဲ့အနေအထားတို့နဲ့ ဘောလုံးပစ်တဲ့ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။

ခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အရှည်တို့ဟာ အချိုးအစားညီစွာလှပပြေပြစ်နေတာပဲဖြစ်ပါတယ်။Wonyoung ဟာရုပ်ရည်ကပါ ချောမောပြီးချစ်ဖို့ကောင်းသူတစ်ဦးပါ။ ၁၅ နှစ်လို့ဘယ်သူကထင်မှာလဲနော်။

Wonyoung ဟာ Produce 48 ပြိုင်ပွဲအစီစဉ်မှာ လူကြိုက်အများဆုံးအဖြစ်ပထမရရှိခဲ့ပြီး IZ*One အဖွဲ့ဝင် Center အဖြစ်အနှပညာအလုပ်တွေလူပ်ရှားနေတာပဲဖြစ်ပါတယ်။
IZ*One အဖွဲ့ဟာ အောက်တိုဘာလနောက်ပိုင်းမှ Comeback ပြန်လာမယ်လို့သိရပြီး ခုတော့ ဂျပန်မှာလူပ်ရှားမှုတွေပြုလုပ်နေကြတာပဲဖြစ်ပါတယ်။

အသက် ၁၅ နှစ်လေးနဲ့ လှပသူလေး Wonyoung …

ဒီဗီဒီယိုကတော့ Produce 48 ဝင်ပြိုင်ခဲ့စဉ်က Wonyoung ရဲ့ နာမည်ကြီးတဲ့ fancam တစ်ခုလည်းဖြစ်ပါတယ်။

Ref:Kstarlive,CRD-MOMOLAY

Loading...