ညီမလေး Scarlett ကို ချစ်စရာ မွေးနေ့လက်ဆောင်လေး ပေးခဲ့ကြတဲ့ အစ်မနှစ်ယောက်

အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးအပေါ်တစ်ဦး နားလည်မှုအပြည့်ပေးထားပြီးတော့ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ အခုဆိုရင်လည်း မိသားစုရဲ့ဆည်းလည်းလေးဖြစ်တဲ့ သမီးလေး Scarlett ကိုလည်းပိုင်ဆိုင်ထားပြီဖြစ်တဲ့ Ah Boy တို့ ဇနီးမောင်နှံကတော့ ချစ်စရာသမီးလေးကြောင့် အမြဲပျော်ရွှင်နေရတာပါ။ မြတ်ရတနာကျော်ကတော့ မနေ့ကပဲ ၁၁ လတိတိ ပြည့်သွားပြီဖြစ်တဲ့ ဘေဘီ စကားလက်လေးရဲ့ ၁၁ လပြည့်မွေးနေ့လေးမှာ အမတွေဖြစ်ကြတဲ့ ဂျူဂျူးနဲ့ ဖောင်းဖောင်းတို့က ချစ်စရာမွေးနေ့လက်ဆောင်လေးတွေ ပေးခဲ့ကြတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ကြတဲ့ ဖောင်းဖောင်းတို့ ညီအမတွေကိုကြည့်ရတာ ကြည်နူးမှုတွေ ကူးစက်စေပါတယ်နော်။

Loading...

ချစ်ပရိသတ်တွေအတွက် ညီမလေးစကားလက်ကို မွေးနေ့လက်ဆောင်လေး ပေးခဲ့ကြတဲ့ ဂျူဂျူးနဲ့ ဖောင်းဖောင်တို့နှစ်ယောက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်

အဆိုပါအကြောင်းကိုတော့ မြတ်ရတနာကျော်က “Happy 11 Months Birthday Scarlett 🎂😘♥️ May God bless you always 💗 Thank you Ma Ma Ju Juu & Ma Ma Phaung Phaung for these lovely birthday presents. Thank you so much for being good elder sisters of mine. Love two of you so much! 11monthsoldbaby” ဆိုပြီး သမီးလေး Scarlett ရဲ့မွေးနေ့မှာ ချစ်စရာလက်ဆောင်လေးပေးခဲ့တဲ့ ဂျူဂျူးနဲ့ ဖောင်းဖောင်းကို အရမ်းချစ်ကြောင်း ကြည်နူးစွာ ရေးသားထားတာပါ။

ချစ်ညီမလေးကို လက်ရေးစာလေးနဲ့ သေချာရေးပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အမတွေ… ချစ်ဖို့ကောင်းချက်ပဲ…။

အဆိုတော် Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ သမီးလေး Scarlett ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၃) ရက်နေ့က မွေးဖွားသန့်စင်ခဲ့တာဖြစ်ပြီး အခုဆိုရင် (၁၁) လတိတိ ပြည့်သွားပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ အမတွေကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းလွန်းတဲ့ ဘေဘီလေး Scarlett ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit- momolay

Loading...