

Loading...






UNICODE

ထိတ်ထိတ်ကြဲ အနုပညာရှင်တွေပါဝင်တဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယို

ထိတ်ထိတ်ကြဲ အနုပညာရှင်တွေ အကုန်စုပြီး ရိုက်ကူးထားတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇာတ်ကားစရိုက်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကို အပြည့်အဝရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီး ရဲ့နမူနာဗီဒီယိုကတော့ လူမှုကွန်ယက်မှာ တရားဝင် ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ထိတ်ထိတ်ကြဲ အနုပညာရှင်တွေပေါင်းပြီး မွှေထားတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ နမူနာဗီဒီယိုကြည့်တာနဲ့တင် အရမ်းကို ရယ်နေရပါပြီနော်။

ချစ်ပရိသတ်တွေအတွက် ပါးစပ်မပိတ်အောင် ရယ်နေရတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒါရိုက်တာ ရာဇဝင်ကို ပုံဖော်ဖန်တီးထားတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရန်အောင်၊ လူမင်း၊ အိန္ဒြာကျော်ဇင်၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ထူးအောင်၊ ခင်လှိုင်၊ ယဉ်လက်၊ ရွှေအိမ်စည်၊ Bella၊ ကိုပေါက်၊ K ညီ၊ Joker ၊ မေပန်းချီ ၊ August Moe နဲ့ အနုပညာရှင်များစွာက ပုံဖော်ထားကြတာပဲ ဖြစ်ပါတယ်။

အူတက်အောင် ရယ်နေရမယ့် ဂျင်ပါတီ OFFICIAL TRAILER

ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေရဲ့ပြောင်မြောက်တဲ့ ဟာသအနုပညာကို တွေ့မြင်ရမယ့် “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင် သွားကြည့်ကြဖို့ မမေ့ပါနဲ့နော်။

Source;ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားကြီး,CRD0MOMOLAY

Loading...