” နှုတ်ခမ်းနီမလေးတွေအသည်းယားအောင် လုပ်လိုက်တဲ့ ခါရာရဲ့ ဗီဒီယိုဖိုင်လေး”

တရုတ်အစစ်မဟုတ်ပေမယ့် တရုတ်မဂ္ဂဇင်းမှာ ဖော်ပြခံလိုက်ရတဲ့ မြန်မာနိုင်ငံရဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် ခါရာလေးကတော့ (၂၀၁၄)ခုနှစ်မှာ ATV (Hong Kong) မှာကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ Mr. Asia 2014 2nd Runner Up၊ Mr. Charismatic Award၊ Mr. Gorgeous Award၊ Mr. Viewer Choice Award၊ Representative of Myanmar Mr. Asia 2014 ဆုတို့ကို ရရှိထားတဲ့ မော်ဒယ်မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်..။ အပြုံးချိုချိုလေးတွေနဲ့ ချောမောခန့်ညားတဲ့ ခါရာလေးဟာ ဇန်နဝါရီလ(၂၁)ရက်မှာ သူ့ရဲ့ ချစ်ရတဲ့ ဖန်လေးတွေနဲ့အတူ စုပေါင်းအလှူလေးကို ပြုလုပ်ခဲ့ပါသေးတယ်..။

 

ခါရာဟာ မော်ဒယ်ကနေ မင်းသားချောလေးတစ်ယောက်အနေနဲ့လည်း တော်တဲ့ မင်းသားတစ်ဦးပဲဖြစ်ပါတယ်နော်..။ “လိပ်ပြာ”ဇာတ်လမ်းတွဲရဲ့ ရဲကာရိုက်တာနဲ့ လိုက်ဖက်မှုတွေဟာ အရမ်းကို ကြည့်ကောင်းနေတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ကြွေကျသွားစေခဲ့တယ်လို့ပြောရင်မှားမယ်မထင်ပါဘူး..။ ယနေ့ဇန်နဝါရီလ(၂၅)ရက်နေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့လေးမှာ ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားလေးကို တရုတ်ဘာသာစကားနဲ့ ပြောကာ ဆုတောင်းပေးထားတဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ Official Page မှာ တင်လာခဲ့ပါတယ်..။

ခါရာပြောသွားခဲ့တဲ့ အဓိပ္ပာယ်လေးကတော့ “happy chinese new year တဲ့ ။ ပျော်ရွှင်ဖွယ်နှစ်သစ်ပါ။ နှစ်သစ်မှာကြီးပွားချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။သင် ၏ ဆုတောင်းများအားလုံး အမှန်တကယ်ဖြစ်လာပါစေ။ မင်းရဲ့ ဆုတောင်းတွေအားလုံးဟာ အမှန်တကယ်ဖြစ်လာပါစေ” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်နော်..။ မိုးကုတ်သားလေးခါရာတစ်ယောက်ကတော့ တရုတ်မင်းသားလေးလားမှတ်ရအောင် တရုတ်စကားကိုပြောသွားအရမ်းကို မိမိုက်လွန်းပါတယ်နော် ပရိသတ်ကြီးရေ..။ Cele Connecitonsပရိသတ်ကြီးအတွက် မင်းသားချောလေးခါရာ တရုတ်စကားလေးနဲ့ နှစ်သစ်ဆုတောင်းစကားပြောထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source:Khar Ra’s Official Page,CRD-Cele Connections