မကြာမီရိုက်ကူးတော့မယ့် “အိပ်မက်ကာရန်” ရုပ်ရှင်အတွက် အကတိုက်နေကြတဲ့ နေတိုးနဲ့ နီနီခင်ဇော်

နိုင်ငံကျော် အနုပညာရှင်များဖြစ်ကြတဲ့ နေတိုးနဲ့ နီနီခင်ဇော်ဟာ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူများ ဖြစ်ပါတယ်။ နေတိုးကလည်း သရုပ်ဆောင်လောကမှာ အကယ်ဒမီဆုတွေ များစွာ ဆွတ်ခူးနိုင်ခဲ့သလို နီနီခင်ဇော်ကလည်း ဂီတလောကမှာ ထူးချွန်ဆုများစွာ ရရှိပိုင်ဆိုင်ခဲ့သူလေး တစ်ယောက် ဖြစ်ပါတယ်။

နေတိုးနဲ့ နီနီခင်ဇော်တို့ နှစ်ယောက်စလုံးကို ကြိုက်နှစ်သက် အားပေးကြတဲ့ ပရိသတ်တွေအတွက် “အိပ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားကြီးက မကြာမီအချိန်အတွင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နေတိုးနဲ့ နီနီခင်ဇော်က “အိပ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့အတွက် အကတိုက်နေကြပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နေတိုးနဲ့ နီနီခင်ဇော်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

“အိပ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားကြီးက Musical Movie တစ်ကားဖြစ်ပြီး အကယ်ဒမီနေတိုး၊ လွှမ်းပိုင်၊ နီနီခင်ဇော် တို့က အဓိက သရုပ်ဆောင်မှာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက် မှ ဒီဇာတ်လမ်းကို ရိုက်ကူးဖို့ (၃)နှစ်ကျော်ကြာ အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ နေတိုးနဲ့ နီနီခင်ဇော်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ သေသေချာချာ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Source: အိပ်မက်ကာရန်,CRD-Momolay