မင်းသမီးကြီးစိုးမြတ်သူဇာရဲ့ချီးကျူးစကားကြောင့် ပျော်ရွှင်နေရတဲ့ နန်းဆုဦး

မင်းသမီးချောလေးနန်းဆုဦးကတော့သရုပ်ဆောင်ပီပြင်ကောင်းမွန်တယ်လို့ပရိသတ်အသိအမှတ်ပြုမှုခံရသူတစ်ယောက်ပါ။လက်ရှိရုံတင်ထားတဲ့၃(က)ဇာတ်ကားမှာဆိုရင်လည်းကြိုးပမ်းအားထုတ်မှုတွေကြောင့်ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုများစွာရရှိထားတာပါ။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေသာမက အနုပညာရှင်တွေကလည်း ချီးကျူးခဲ့ကြတာရှိပါတယ်။အဲ့ဒီအထဲကမှ ဝါရင့်မင်းသမီးကြီးစိုးမြတ်သူဇာရဲ့စကားကြောင့် နန်းဆုဦးကတော့ အတော်လေးပျော်ရွှင်ခဲ့တာပါ။စိုးမြတ်သူဇာကတော့ ဇာတ်လမ်းထဲကဇာတ်ကောင်အတိုင်း ကွက်တိဖြစ်အောင်သရုပ်ဆောင်နိုင်တာ တော်တယ်ဆိုပြီးတော့ ချီးကျူးစကားပြောထားတာပါ။

နန်းဆုဦးကတော့ ပျော်လည်းပျော်သလို ကျေးဇူးတင်တဲ့အကြောင်းကို သူ့ရဲ့ My Day မှာရေးသားထားပါတယ်။တကယ်တမ်းလည်း နန်းဆုဦးရဲ့သရုပ်ဆောင်ပိုင်နိုင်မှုဟာ ဇာတ်ကားထဲမှာစီးမျောသွားစေတာကြောင့် ချီးကျူးသံတွေညံနေစေခဲ့တာလည်းဖြစ်ပါတယ်။ ဒီထက်ပိုမိုကောင်းမွန်သောဇာတ်ကားကောင်းများကိုဆက်လက်ရိုက်ကူးပြီးပရိသတ်ကိုချပြနိုင်ပါစေနော်…

Source : NanSuOo,CRD-Rose – CeleGabar