ရိုက်ကွင်းမစခင်အချိန်မှာ လွတ်လပ်ပေါ့ပါးစွာထိုင်ပြီး မိတ်ကပ်လိမ်းနေတဲ့ ရွှေကစ်လေးရဲ့ချစ်စရာဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ မင်းသမီးချောလေး အကယ်ဒမီဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေပြီးပြည်တွင်းမှာသာမက ပြည်ပမှာပါအောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်က ကိုရီးယားမင်းသားနဲ့တွဲဖက်ပြီးတော့လည်း”တိမ်တွေပေါ်ကပန်း”ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး ရုံတင်ပြသတဲ့အခါမှာလည်းအောင်မြင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ကတော့ သူမကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေအများအပြားကိုပိုင်ဆိုင်ထားတာဖြစ်လို့ အောင်မြင်မှုတွေကိုဆက်လက်ခံစားနေရဦးမှာပါနော်။

ဝတ်မှုံရွှေရည်က လတ်တလောမှာဆိုရင်လည်း ရှုတင်တွေဆက်တိုက်ဆိုသလိုရှိနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ကြော်ငြာတွေကိုလည်းလက်ခံရိုက်ကူးကာ ပွဲအခမ်းအနားတွေတက်ရောက်နေတာကိုလည်းတွေ့ရပါတယ်နော်။ရွှေကစ်လေးက အသက်(၃၁)နှစ်ကျော်အရွယ်ရောက်ရှိနေပေမယ့် ဆယ်ကျော်သက်အရွယ်တုန်းကအလှတရားတွေကိုပိုင်ဆိုင်ထားဆဲဖြစ်လို့ သူမရဲ့အလှအပတွေက ခေတ်တွေဘယ်လိုပြောင်းပြောင်း နည်းနည်းလေးမှ မပြောင်းလဲသွားပါဘူးနော်။

အခုဆိုရင်တော့ ရွှေကစ်လေးကရှုတင်ကိုရောက်ရှိနေပြီး ရိုက်ကွင်းမစခင်အချိန်မှာ မိတ်ကပ်ပြင်ဆင်နေတာဖြစ်ပါတယ်။ရွှေကစ်လေးရဲ့ မိတ်ကပ်မလိမ်းထားတဲ့ သဘာဝအလှတရားလေးကတောင် ကြည်လင်ရှင်းသန့်နေပြီး အရေးအကြောင်းကင်းစင်နေတာပါနော်။မိတ်ကပ်လိမ်းနေတဲ့အချိန်မှာ လွတ်လွတ်လပ်လပ်ထိုင်နေပြီး အဖွဲ့သားတွေနဲ့ ပျော်ရွှင်ရယ်မောနေတဲ့ ရွှေကစ်လေးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Wutt Hmone Shwe Yi’s Facebook Page,CRD-Myanmarload