“Crash Landing on You” ဇာတ်ကား တရားစွဲ ခံထားရ

လက်ရှိမှာ အရမ်းကို နာမည်ကြီးနေတဲ့ tvN’ ရဲ့ “Crash Landing on You”ဇာတ်ကား ကတော့ လက်ရှိမှာဆိုရင် တရားစွဲဆိုခံထားရပါတယ်။မြောက်ကိုရီးယားနိုင်ငံအကြောင်းကိုအကောင်းဘက်ကနေအမွှမ်းတင် ရိုက်ကူးတဲ့အတွက် နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအက်ဥပဒေ(NSA)ကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲခံလိုက်ရတာပါ။ Christian Liberal Party က tvN ကို ဆန့်ကျင်ကန့်ကွက်ကြောင်း တိုင်တန်းထားပါတယ်လို့ ဇန်နဝါရီ (၂၂)ရက်နေ့မှာတော့ ဆိုးလ်မြို့ တော်ရဲ တပ်ဖွဲ့ကထုတ်ပြောခဲ့ပါတယ်။“Crash Landing on You”မှာဆိုရင်တော့ မြောက်ကိုရီးယားကဗိုလ်ကြီးနဲ့ တောင်ကိုရီးယားက သူဌေးမလေးတို့ရဲ့ အချစ်ဇာတ်လမ်းကိုပုံဖော်ထားတာပါ။

မတော်တဆမှုတစ်ခုကြောင့် မြောက်ကိုရီးယားကိုရာက်လာတဲ့ Yoon Se Ri (Son Ye Jin)ကို မြောက်ကိုရီးယားကဗိုလ်ကြီး Ri Jung Hyuk (HyunBin)စောင့်ရှောက်ကူညီပေးရင်းနဲ့နှစ်ယောက်သားချစ်သွားတဲ့အကြောင်းလေးပါ။ဒီဇာတ်ကားကိုလက်ခံမပေးနိုင်တဲ့ Christian Liberal Party ရဲ့ကြေညာချက် ကတော့” မြောက်ကိုရီးယားတွေဟာ ကျတော်တို့တွေကိုတိုက်ရိုက်ချိန် ရွယ်ထားတဲ့လက်နက်ကို ဘယ်တုန်းကမှ ချ ရိုးထုံးစံမရှိဘူး။President နဲ့ရုပ်သံလိုင်းတို့ရဲ့ ပူးပေါင်းမှုရဲ့ရလဒ်ကြောင့် ကျတော်တို့ပြည်သူတွေဟာ လှုံ့ဆော်သွေးထိုးခံရပြီး ရန်သူကိုအမှားအမှန် ခွဲခြားသိနိုင်စွမ်းမရှိတော့အောင်ဖြစ်ကုန်တယ်။

အမျိုးသားလုံခြုံရေးအက်ဥပဒေအရဆိုရင် တောင်ကိုရီးယားရဲ့ဖြစ်တည်မှုကို ဆန့်ကျင်နှောင့်ယှက်တဲ့ အဖွဲ့အစည်းတွေကိုအားမပေးသင့်ဘူး။ ဒါကြောင့်စုံစမ်းစစ်ဆေးသူတွေအနေနဲ့ အမြန်ဆုံးစစ်ဆေးပြီး တင်းတင်းကျပ်ကျပ်အရေးယူအပြစ်ပေးဖို့ ကျတော်တို့ အနေနဲ့ ဆန္ဒရှိတယ်..” ဆိုပြီး ကြေညာခဲ့ပါတယ်။ နိုင်ငံရဲ့ဖြစ်တည်မှု၊ လုံခြုံရေး(သို့)အခြေခံ လွတ်လပ်တဲ့ ဒီမိုကရေစီကို ထိခိုက်စော်ကားတာ ၊သွေးထိုးလှုံ့ဆော်တာမျိုးတွေကိုလုပ်မယ်ဆိုရင် အများဆုံးပြစ်ဒဏ်အနေနဲ့ထောင်ဒဏ် (၇)နှစ်အထိ ကျခံအပြစ်နိုင်တယ်လို့ အမျိုးသားလုံခြုံရေးအက်ဥပေး စာပိုဒ်(၇) မှာပါရှိပါတယ်။ ရဲဘက်မှ ကိုယ်စားလှယ်တစ်ယောက်ကတော့. စုံစမ်းစစ်ဆေးမှုတွေကိုတရားဝင်မစတင်ရသေးကြောင်း..

ဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်မှုတွေ လုပ် နေတယ်လို့ ပြောခဲ့ပါတယ် ။နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအက်ဥပ ဒေ(NSA) ကို ချိုးဖောက်မှုနဲ့ ဒရမ်မာ ဇာတ်ကားတွေကို အပြစ်ပေးတဲ့ ဖြစ်ရပ်မျိုး ကတော့ ရှားတယ်လို့ လည်း ရဲ ဘက်က ပြောပါတယ်။ “Crash Landing On You” ကို တော့ တရုတ်နှစ် ကူး ပွဲ တော်ကြောင့် ဒီတစ်ပတ်မှာ မပြပဲ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ ပြသဖို့ ရွှေ့ဆိုင်းထားပါတယ်။

Source;Soompi,CRD-Aunty May