ဆယ်ကျော်သက် စုံတွဲလေးတွေ အရှုံးပေးရလောက်တဲ့ ဇနီးလေးနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ မျှဝေလိုက်တဲ့ မင်းဦး

ရုပ်ရှင် နဲ့ ဗွီဒီယို သရုပ်ဆောင် အကယ်ဒမီ မင်းဦး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ မင်းဦး က ချစ်ရတဲ့ ဇနီးလေးနဲ့အတူ အနုပညာအလုပ်တွေ လုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် မင်းဦး တို့ ဇနီးမောင်နှံ ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

လက်ရှိမှာ မင်းဦး က ရုပ်ရှင်ဇာတ်ကားများနဲ့ ဇာတ်လမ်းတွဲ များကို ရိုက်ကူးလျက်ရှိပါတယ်။ ဒီတစ်ခါမှာတော့ မင်းဦး က ငွေဆောင်ကို ရိုက်ကူးရေးအတွက် ရောက်ရှိနေတာဖြစ်ပြီး သူ့ရဲ့ ချစ်ဇနီးလေး နဲ့ ရိုက်ထားတဲ့ ကြည်နူးစရာပုံလေးတွေကို မျှဝေပေးလိုက်တာပါ။

မင်းဦး က ” ငွေဆောင်ရိုက်ကွင်းအမှတ်တရ🎬🎥အဆိပ်(ရိုက်ကွင်းပြင်ပပုံများသာဖြစ်ပါတယ်😛😛😛)အဖွဲ့သားညီ ညီမများအားလုံး ကျေးဇူးပါ ရန်ကုန်မှာပြန်တွေ့ကြတာပေါ့😀🎬” ဆိုပြီး ပြောထားပါတယ်။ ဆယ်ကျော်သက် စုံတွဲလေးတွေ အရှုံးပေးရလောက်တဲ့ ရိုမန့်တစ်ဆန်ဆန် ချစ်ဇနီးလေးနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ က အရမ်းကို ကြည်နူးစရာပါ။

မင်းဦး တို့ဇနီးမောင်နှံ ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။ အကယ်ဒမီ မင်းဦး တို့ ဇနီးမောင်နှံ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source; min oo,CRD-Cele Connections