“လိပ်ပြာစံအိမ်” လိုမျိုး International သရဲကား၊ အချစ်၊ အက်ရှင်ကားတွေရိုက်ကူးဖို့ စီစဉ်နေတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်စာ အောင်မြင်မှုရရှိခဲ့ပြီးအကယ်ဒမီဆုတွေလည်းရရှိခဲ့တာဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ကပြည်တွင်းမှာသာအောင်မြင်မှုရရှိခဲ့တာ မဟုတ်ပဲပြည်ပနိုင်ငံက အနုပညာရှင်တွေနဲ့ လက်တွဲပြီး အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်နေလျက်ရှိပါတယ်။ ဝတ်မှုံရွှေရည်ကနောက်ပိုင်းမှာ အကယ်ဒမီဆုရရှိဖို့ထက် သူမအတွက်စိန်ခေါ်မှုအသစ်တွေကိုသာ ဖန်တီးနေတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ရိုက်ကူးခဲ့တဲ့ “လိပ်ပြာစံအိမ်”၊ “ဘန်ကောက်မှ မန္တလေးသို့”၊ “တိမ်တွေပေါ်ကပန်း”၊ “ဇာတိမြေ” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်တွေ ကြိုက်နှစ်သက်အားပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ လာမယ့်နှစ်သစ်တွေအတွက် ဝတ်မှုံရွှေရည်က Brave Empire productionနဲ့ပူးပေါင်းပြီး “လိပ်ပြာစံအိမ်”လိုမျိုးသရဲကား၊ အက်ရှင်၊အချစ်အကြမ်းကားတွေနဲ့ International ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ တိုင်ပင်နေတယ်လို့ သိရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ အခု (၂၀၂၀) ခုနှစ်မှာ “နန်းကျဘုရင်”၊ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်”၊ “အိပ်မက်.. မြစ်”၊ “အထက်တန်းစားရေ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးဖို့တော့ သေချာပါတယ်။ ဝတ်မှုံရွှေရည်ကတော့ တစ်နှစ်ထက်တစ်နှစ်အောင်မြင်မှုတွေ တိုးပွားလာသူလေးတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ အနုပညာခြေလှမ်းအသစ်တွေကို အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Ko Soe Hlaing ‘s fb,CRD-Momolay